DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ဂယက်ကြောင့် နောင်ချိုမြို့နယ်တွင် ပြောင်းစိုက်ပျိုးမှု လျှော့နည်းကျဆင်း  
DVB
·
October 23, 2020
ကိုဗစ်-၁၉ ဂယက်ကြောင့် နောင်ချိုမြို့နယ်တွင် ပြောင်းစိုက်ပျိုးမှု လျှော့နည်းကျဆင်း  
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က ပြောင်းစိုက်တောင်သူတွေဟာ ကိုဗစ်-၁၉ ဂယက်နဲ့ အရင်းနှီးအခက်အခဲရှိကြတာကြောင့် အခုနှစ်မှာ   ၆၅ ရာခိုင်နှုန်းလောက်သာ ပြောင်း စိုက်ပျိုးနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်ရှိ တောင်သူတွေဟာ ၂၀၁၉ ခုနှစ်က ပြောင်း ၁ ပိဿာကို ကျပ်  ၂၈၀ လောက်သာ ရခဲ့ကြတာကြောင့် အရှုံးပေါ်ခဲ့ကြပြီး ကြွေးကျန်တွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနှစ်မှာလည်း အကြွေးထပ်ယူခဲ့ရသလို ကိုဗစ်-၁၉ ဂယက်ကြောင့် ၆၅ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်ကြတယ်လို့ နောင်ချိုမြို့နယ်၊ ခြေမြစ်ပင်ရွာက တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်အေးက ပြောပါတယ်။

ပြောင်းကုန်သည်တဦးကတော့ “ကိုဗစ်နဲ့ဆိုတော့ အဝေးကနေ လာရင်းနှီးမြှုပ်နှံမယ့်လူကလည်း မလာနိုင်ကြဘူး၊ မျိုးရောင်းရတာနည်းတော့ ပြောင်းထွက်အား လျော့မယ်” လို့ ခန့်မှန်းပါတယ်။

နောင်ချိုမြို့နယ်က သွင်းအားစုဖြန့်သူ မညိုက “တောင်သူတွေက မနှစ်ကအရမ်းရှုံးခဲ့တယ်။ ဒီနှစ်ကလည်း ကိုဗစ်ချေးငွေကလည်း ပုံစံ ၇ ရှိမှဆိုတော့ မရတဲ့ တောင်သူအများစုဆိုတော့ ခါတိုင်းနှစ်ထက် သုံးပုံပုံတပုံ‌ စိုက်အားလျော့တယ်” လို့ ပြောပါတယ်။

ရှမ်းမြောက်ကစိုက်တဲ့ ပြောင်းကို အဓိက ရောင်းဝယ်နေတဲ့  နီလာပွင့် ရှမ်းစတိတ်ထရိတ်ဒင်းကတော့ ကျောက်မဲ၊ နောင်ချိုက ပြောင်းတွေကို ၁ ပိဿာ  ၃၆၀ ကျပ် ၃၇၀ ကျပ်ဈေးနဲ့ တောင်သူများထံက ဝယ်ယူနေတယ်လို့ ပြောပါတယ်။

ပြောင်းကို မန္တလေးမြို့အရောက် ၁ ပိဿာကို ၄၁၅ ကျပ်နဲ့ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိတဲ့ ပြောင်းတွေကိုတော့  ရန်ကုန်မြို့ ရွှေပြည်သာကနေ ၄၄၀ ကျပ် နဲ့ ဝယ်နေတယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့နယ် တဝိုက်မှာ နေ့စဉ်တွဲကားအစီး ၁၀၀ လောက်နဲ့ တနေ့ကို တန် ၃၀၀၀‌ လောက် အရောင်းအဝယ်ရှိနေပြီး မနှစ်က တပိဿာကို ၂၈၀ ကျပ်၊ ၃၀၀ ကျပ်လောက်သာ ဈေးရခဲ့ပေမယ့် ဒီနှစ်မှာ  ၅၀ ကျပ်လောက် ဈေးပိုရနေတယ်လို့ သိရပါတယ်။

သတင်း- နန်းစံပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013