DVB Logo
Home
မြန်မာသတင်း
မြင်းခြံခရိုင် ကျေးရွာများတွင် မဲပေးနည်း အသိပညာပေး
DVB
·
October 23, 2020
မြင်းခြံခရိုင် ကျေးရွာများတွင် မဲပေးနည်း အသိပညာပေး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ကျေးရွာတွေက  မဲဆန္ဒရှင်ပြည်သူတွေကို မဲပေးနည်း အသိပညာပေးတာတွေ လိုက်လံပြုလုပ်နေတယ်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်  နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ကိုဗစ်ကာလ ကျေးရွာတွေမှာ တအိမ်တက်ဆင်း ကိုယ်တတ်နိုင်သလောက် မဲပေးပုံပေးနည်းလေးတွေကို အဓိကထားပြီး ရှင်းပြတာတွေ လုပ်နေတယ်လို့  ပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအောင်ရဲထွန်းက ပြောပါတယ်။

“ကျနော်တို့ ကျေးလက်နေ ပြည်သူတွေတော်တော်များများဟာ မဲဆန္ဒက ဘယ်နှမဲပေးရမလဲဆိုတာ ရှင်းလင်းစွာမသိကြဘူး။ ပြီးတော့ ကျနော် အခုယှဉ်ပြိုင်တဲ့ မြင်းခြံမြို့နယ်တိုင်းဒေသကြီး ၁ မှာတော့ ကျေးရွာပေါင်း ၉၈ ရွာရှိပြီး ရပ်ကွက် ၁၁ ရပ်ကွက်ရှိတယ်။ အဲ့မှာတော့ ကျနော်တဝက်ကျော်ကျော်လောက်ပြီးသွားပြီ။”

မြင်းခြံမြို့နယ်မှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေလို့  ထင်သလောက် မဲဆွယ်စည်းရုံးရေးကို မလုပ်နိုင်ဘူးလို့  မြင်းခြံမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝေမျိုးဟန်က ပြောပါတယ်။

“ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး အခက်အခဲအနေနဲ့ ဟောပြောပွဲတွေကို လူစုလူဝေးနဲ့အများကြီးမလုပ်ရဘူးဖြစ်တဲ့အတွက် တစ်ချို့ရွာတွေမှာ အပိုင်းလေးတွေခွဲပြီးတော့ လုပ်ရတာမျိုးလေးတွေ ရှိခဲ့ပါတယ်၊ ကျေးရွာပေါင်း ၁၈၈ ရွာရှိပြီး ရပ်ကွက် ၂၄ ရပ်ကွက်ရှိပါတယ်။ ရပ်ကွက် ၆ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၀ ကျော်လောက်ထိပြီးသွားပြီ။” 

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စာလှယ် ၃ ဦးစလုံးကို မဲထည့်ရမယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ပါတီကိုယ်စားလှယ်လောင်းတွေက ဘယ်နေရာမှာရှိတယ်ဆိုတဲ့အကြောင်းတွေကို သရုပ်ပြလုပ်ပြပြီး အစမ်းတံဆိပ်တုံးထုပြသလို ပြည်သူတွေကိုယ်တိုင်လည်း အစမ်းတစ်ဆိပ်တုံးထုစေပြီး မဲဆန္ဒရှင်ပြည်သူတွေကို မဲပေးပုံမဲပေးနည်းဘယ်လိုဆိုတာသိအောင် လုပ်ဆောင်သွားမယ်လို့ ဦးဝေမျိုးဟန်ကပြောပါတယ်။

မြင်းခြံခရိုင်မှာ ဆန္ဒမဲပေးဖို့အတွက်  မဲရုံပေါင်း ၉၆၀ ပြင်ဆင်ထားကာ ဆန္ဒမဲပေးနိုင်သူ ဦးရေ ​၆၉၀,၀၀၀ ကျော်ရှိပြီး  ပါတီ ၆ ပါတီက ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ပြိုင်ကြမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြင်းခြံခရိုင် ကျေးရွာများတွင် မဲပေးနည်း အသိပညာပေး