DVB Logo
Home
သတင်းတို
နိုင်ငံရေးအကျဉ်းသားပြန်လွှတ်မှု ကုလသမဂ္ဂ ကြိုဆို
DVB
·
July 24, 2013
နိုင်ငံရေးအကျဉ်းသားပြန်လွှတ်မှု ကုလသမဂ္ဂ ကြိုဆို
Donate to DVB

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်ကို ပြန်လွှတ်ပေးမှုနဲ့ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးမယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက် အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။



[caption id="attachment_35558" align="alignright" width="300" caption=" မစ္စတာ ဘန်ကီမွန်း"][/caption]

မစ္စတာဘန်ကီမွန်းရဲ့ပြောခွင့်ရသူက ဇူလိုင် ၂၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမှုနဲ့ လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဆောင်ရွက်နေမှုတွေဟာ  ပြီးပြည့်စုံတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုတွေကို ပိုမိုအားကောင်းလာလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က မျှော်လင့်ကြောင်း ဖော်ပြပါတယ်။


မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး ကတည်းက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလကတည်းက  ထင်ရှားတဲ့ နိုင်ငံရေး သမားတွေအပါအ၀င် ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။

ဇူလိုင် ၂၃ ရက်နေ့ကတော့ ရှမ်းနဲ့ ကချင်လက်နက်ကိုင်အဖွဲ့က နှစ်ရှည်အကျဉ်းသားအများစုအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013