DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဒုတိယလှိုင်းကာလ ကျောက်မြောင်း စဥ့်လုပ်ငန်း အဝယ်ရပ်
DVB
·
October 22, 2020
ကိုဗစ်ဒုတိယလှိုင်းကာလ ကျောက်မြောင်း စဥ့်လုပ်ငန်း အဝယ်ရပ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့က စဥ့်လုပ်ငန်းတွေ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ အဝယ်လုံးဝရပ်တန့်သွားတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ စဥ့်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

စဥ့်လုပ်ငန်းမှာ စက်တင်ဘာကစပြီး စားသောက်ကုန်လုပ်ငန်းမဟုတ်တဲ့အတွက် မလုပ်ကိုင်ရတော့တာကြောင့် အဝယ်ရပ်နားသွားရတာလို့ စဥ့်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စဥ့်အိုးနဲ့အခြားအိမ်သုံးပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို အများဆုံးတင်ပို့နေပြီး ကိုဗစ်ကာလ အဲဒီဒေသတွေမှာ အသွားအလာ ကန့်သတ်ထားတာကြောင့် အဝယ်လုံးဝရပ်သွားတာလို့ A1 စဥ့်လုပ်ငန်းရှင် ဦးသက်ဦးက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလ ပွဲစဥ်စျေးတွေမှာ လိုက်လံရောင်းချတာ မပြုလုပ်နိုင်တော့တဲ့အတွက် စဥ့်ဝယ်ရောင်းလုပ်ကိုင်သူတွေ အခက်အခဲတွေ့နေကြတယ်လို့ စဥ့်ဝယ်ရောင်းလုပ်ကိုင်သူတွေဆီက သိရှိရပါတယ်။

ကျောက်မြောင်းမြို့ မှာ ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး  အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူတွေက စဉ်လုပ်ငန်းကို လုပ်ကိုင်ကြပြီး စဉ့်လုပ်ငန်းရှင် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း - ချိုသဲကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013