DVB Logo
Home
မြန်မာသတင်း
nok air မြန်မာပြည်ခရီးစဉ် ကြိုတင်လက်မှတ်များ စတင်ရောင်းချ
DVB
·
July 24, 2013
nok air  မြန်မာပြည်ခရီးစဉ် ကြိုတင်လက်မှတ်များ စတင်ရောင်းချ
Donate to DVB

ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာပြည် ရန်ကုန်မြို့နဲ့ တိုက်ရိုက်ပျံသန်းမယ့် Nok Air လေကြောင်းလိုင်းဟာ ကြိုတင်လက်မှတ်တွေ စတင်ရောင်းချနေပြီး ထိုင်းနိုင်ငံကနေ  မြန်မာဘာသာစကားနဲ့လည်း  ဆက်သွယ်မေးမြန်းနိုင်ပြီ ဖြစ်ပါတယ်။

မြန်မာလို  ဝေဟင်ထက်ကငှက်လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းနိုင်ငံက Nok Air ကုမ္ပဏီဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်လေဆိပ်ကနေ မော်လမြိုင်မြို့ကို စက်တင်ဘာ ၁ ရက်နေ့ စတင်ပျံသန်းမှာဖြစ်ပြီး ရန်ကုန်ကို အောက်တိုဘာ ၁ ရက်နေ့ စတင်ပျံသန်းတော့မှာ ဖြစ်ပါတယ်။

ပထမဆုံးခရီးစဉ်မှာ  လေယာဉ်လက်မှတ် ၁ စောင်ကို ခရီးစဉ် ၁ ခုအတွက် ထိုင်းဘတ်ငွေ ၁၅၉၀ ဘတ် ကျသင့်မှာဖြစ်ပြီး မဲဆောက်နဲ့ ရန်ကုန်နှုန်းထား အတူတူဖြစ်ကြောင်း၊ ဒါဟာ အမြဲပုံသေဈေးနှုန်းမဟုတ်ဘဲ နောက်နောင် အတိုးအလျှော့ ရှိနိုင်တယ်လို့ Nok Air လိုင်းက မြန်မာပိုင်းပြန်ကြားရေးတာဝန်ခံ ဦးထွန်းမြင့်က ပြောပါတယ်။

ပစ္စည်းတင်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးလည်း ဦးထွန်းမြင့်က ““၀န်ဆောင်မှု အနေနဲ့ကတော့ လက်မှတ်အနေအထားအပေါ်မှာ မူတည်ပြီးတော့ hand ကယ်ရီတို့၊ baggage အိတ်တို့က free ရမယ့် အနေအထားရှိတယ်လေ။ သူတို့ သတ်မှတ်ထားတဲ့ ကီလိုအတိုင်းပဲပေါ့နော်။ အစားအသောက်ကိစ္စကတော့ လေယာဉ်ပေါ်မှာ လက်မှတ်အနေအထားပေါ် မူတည်ပြီးတော့ပေါ့နော် ကျနော်တို့ လက်မှတ်ကတော့ သုံးမျိုးရှိတယ်၊ သုံးမျိုးအပေါ် မူတည်ပြီးတော့ free ကျွေးတာ ရှိမယ်။ hand ရီဆိုရင် ၇ ကီလိုရှိမယ်၊ baggage အိတ်ဆိုရင် ၁၅ ကီလို free ရတာပေါ့နော်” လို့ ပြောပါတယ်။

လေယာဉ်လက်မှတ်တွေကို Nok Air ကုမ္ပဏီမှာရော၊ အရောင်းကိုယ်စားလှယ်ဆိုင်နဲ့ 7 Eleven ဆိုင်တွေမှာ ကြိုတင်မှာယူနိုင်တယ်လို့ သိရပါတယ်။ခရီးစဉ် အသွားအပြန် တနေ့ ၂ ကြောင်း ရှိပြီး မဲဆောက်-မော်လမြိုင်ကို မနက် ၉ နာရီ ၄၅ မိနစ်၊ မဲဆောက်-ရန်ကုန်ကို မနက် ၁၁ နာရီ ၃၅ မိနစ်မှာ နေ့စဉ် ပျံသန်းမယ်လို့ ဆိုပါတယ်။ အသေးစိတ်သိလိုရင် Call Center ဖုန်းနံပါတ် ၁၃၁၈ နဲ့ ၆၆ ၂၂၃၈ ၃၃၉၉ ကို ခေါ်ဆိုမေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ  ရန်ကုန်ကို ပြေးဆွဲဖို့ လျာထားပြီး အခြားမြို့ကြီးတွေဆီ တိုးချဲ့ ပျံသန်းဖို့ကတော့ ခရီးသည်တွေရဲ့ အကြံပြု တောင်းဆိုချက်တွေပေါ် မူတည်စဉ်းစားသွားမယ်လို့ ဦးထွန်းမြင့်က ပြောပါတယ်။

ထိုင်းလေကြောင်းလိုင်းအနေနဲ့ နယ်စပ်မြို့ကနေ မြန်မာပြည်တွင်းကို ပျံသန်းတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အထူးသဖြင့် ထိုင်းမှာ အလုပ်သွားလုပ်တဲ့ အလုပ်သမားတွေ အတွက် ပိုပြီးအဆင်ပြေစေမယ်လို့ ဦးထွန်းမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013