DVB Logo
Home
မြန်မာသတင်း
တောင်သမန်အင်းအတွင်း ငှက်လှေသမား၏ NLD ထောက်ခံအင်အားပြပွဲ တားမြစ်ခံရ (ဓာတ်ပုံ)
DVB
·
October 21, 2020
တောင်သမန်အင်းအတွင်း ငှက်လှေသမား၏ NLD ထောက်ခံအင်အားပြပွဲ တားမြစ်ခံရ (ဓာတ်ပုံ)
1 / 8
Donate to DVB

မန္တလေး၊ အမရပူရမြို့နယ်၊တောင်သမန်အင်းအတွင်းက ငှက်လှေသမားတွေဟာ ဒီနေ့ နေ့လယ်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးတဲ့အနေနဲ့ ငှက်လှေတွေကို အလှဆင်ပြီး အင်အားပြကြပါတယ်။

တောင်သမန်အင်းအတွင်း လှေတွေ လှည့်လည်လှော်ခတ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ အခြေအနေအရ တာဝန်ရှိသူတွေက ခွင့်မပြုတာကြောင့် ငှက်လှေတွေကို ပါတီအလံတွေ ချိတ်ဆွဲပြီး ကမ်းစပ်မှာပဲ ပြသခဲ့ကြပါတယ်။

တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက “အမေစုတို့ပါတီကို ထောက်ခံ ဝန်းရံတဲ့ အထိမ်းအမှတ်ပေါ့။ ကျနော်တို့ အမရပူရမြို့နယ် ဝန်ကြီးချုပ်က‌လည်း ကျနော်တို့ အမရပူရမြို့နယ် ဝန်ကြီးချုပ်လည်း ဖြစ်တဲ့အတွက် ကျနော်တို့မြို့နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ ဦးပိန်တံတားမှာ ကျနော်တို့ ငှက်လှေတွေရယ်၊ တပိုင်တနိုင် တတ်နိုင်တဲ့အနေအထားလေးနဲ့ လှည့်လည်ဖို့အတွက် ကျနော်တို့ အစီအစဉ်ဆွဲထားတဲ့ အတိုင်းအတာတစ်ခုမှာ လူကြီးတွေကနေပြီးတော့ ကိုဗစ်ကာလဖြစ်တာကြောင့်မို့ လှည့်ဖို့ကတော့ အစီအစဉ်ကတော့ ပျက်သွားတယ်ပေါ့နော်” လို့ ပြောပါတယ်။

ငှက်လှေအသင်းက ငှက်လှေ အစီးရေ ၄၃ စီးမှာ  NLD ပါတီအလံတွေ ချိတ်ဆွဲပြသထားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးတာတွေပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တောင်သမန်အင်းဟာ မန္တလေးတိုင်းမှာ  Stay at Home  အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေထဲ တခုအပါအဝင် ဖြစ်တဲ့အပြင် ပြုလုပ်ပါက လူစုလူဝေး ဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့် ခွင့်မပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013