DVB Logo
Home
မြန်မာသတင်း
ဗကသကျောင်းသား ၂ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ထပ်ချ (ဓာတ်ပုံ) 
DVB
·
October 21, 2020
ဗကသကျောင်းသား ၂ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ထပ်ချ (ဓာတ်ပုံ) 
1 / 7
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် ကိုစိုးလှနိုင် နဲ့ ကိုကျော်သီဟရဲကျော်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ  ၅၀၅ (က) ၊ (ခ) တို့နဲ့ အမရပူရပူရမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်စီ ဒီနေ့ ထပ်မံ ချမှတ်လိုက်ပါတယ်။

အောက်တိုဘာ ၂၁ ရက် ဒီနေ့မနက် ရုံးချိန်းမှာ ရဲအင်အား ၂၀ လောက်က လုံခြုံရေးယူထားပြီး အချုပ်ကားကို ဟန်ပြကာ ရဲကားအသေးနဲ့  ရုံးထုတ်သွားခဲ့တာပါ။

ရတနာပုံ တက္ကသိုလ်ကျောင်းရှေ့မှာ စက်တင်ဘာ ၁၆ ရက်နေ့က  တပ်မတော် အလင်းဝင်ပါ၊ ပြည်တွင်းစစ် ချက်ချင်းရပ်စတဲ့ စာသားတွေနဲ့ စတစ်ကာ ကန်ပိန်း ပြုလုပ်ခဲ့တာကြောင့် ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့  ကိုဘုန်းမြင့်ကျော်တို့ကို ရဲမှူးကျော်ကျော်နိုင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတွေကို ဆန့်ကျင့် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က စက်တင်ဘာ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလှုပ်ရှားမှုကြောင့်  ဗကသ ကျောင်းသား ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ (ခ)တို့နဲ့  မြို့နယ် ၄ မြို့နယ်မှာ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၆ နှစ် ကျခံစေဖို့ အမိန့်တွေချထားပြီး ဆက်လက်ရင်ဆိုင်ဖို့ အမှုတွေလည်း ကျန်ရှိနေပါသေးတယ်။

မြန်မာတနိုင်ငံလုံးမှာ ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅ ဦး ရှိနေပြီး ဝရမ်းထုတ်ထားလို့  ထွက်ပြေး တိမ်းရှောင်နေသူ ၃၀ လောက် ရှိပါတယ်။

Photo-Kaung Zaw Hein/MPA

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013