DVB Logo
Home
မြန်မာသတင်း
ပိတ်သိမ်း ဆင်းမ်ကတ်များမှရသည့် ကျပ်သိန်း ၁၇,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ထိန်းချုပ်ကုသရန် လှူဒါန်း
DVB
·
October 20, 2020
ပိတ်သိမ်း ဆင်းမ်ကတ်များမှရသည့် ကျပ်သိန်း ၁၇,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ထိန်းချုပ်ကုသရန် လှူဒါန်း
Donate to DVB

ပိတ်သိမ်းလိုက်တဲ့  မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေမှာကျန်နေတဲ့ ဖုန်းဘီလ် ကျပ်သိန်းပေါင်း ၁၇,၀၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးမှာ သုံးဖို့အတွက်  ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က အောက်တိုဘာ ၁၉ ရက်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးကို ပေးအပ်လှူဒါန်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ပြန်လည်မှတ်ပုံမတင်တဲ့ ဆင်းမ်ကတ်တွေနဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်နောက်ပိုင်း အချက်အလက်တွေ မှန်မှန်ကန်ကန်မဖြည့်ထားတဲ့ ဆင်မ်းကတ်ပေါင်း သိန်း ၃၄၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး အဲဒီကတ်တွေထဲမှာ လက်ကျန်ငွေစုစုပေါင်း ကျပ်သိန်း ၁၇,၂၂၀ ကျော် ကျန်နေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

တယ်လီဖုန်းသုံးစွဲသူ လူမျိုးဘာသာပေါင်းစုံတို့က ဖြည့်သွင်းထားခဲ့တဲ့ Top Up ငွေတွေရဲ့ လက်ကျန်ငွေကို အများပြည်သူတွေကိုယ်စား နိုင်ငံအကျိုးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို လှူဒါန်းတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာလည်း မှတ်ပုံမတင်တဲ့ ဆင်းမ်ကတ် ၆၅ သိန်းကျော်ကို ပိတ်သိမ်းခဲ့ပြီး လက်ကျန်ငွေ ကျပ်သိန်းပေါင်း ၁၅,၇၃၀ ကျော်ကို သုံးစွဲသူ အများပြည်သူကိုယ်စား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကို လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

မေ ၂၉ ရက်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကလုပ်တဲ့ SMS နဲ့ လှူဒါန်းတဲ့ အစီအစဉ်မှာ ပြည်သူ ၄၁၃၈၃ ယောက်ကနေ ထည့်ဝင်လှူဒါန်းတဲ့ ငွေကျပ် ၂၀,၆၉၁,၅၀၀ နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထပ်ဆောင်းလှူဒါန်းတဲ့ ငွေကျပ်သိန်း ၁,၀၀၀၊ စုစုပေါင်း ငွေကျပ် သိန်း ၁,၂၀၆ ကျော်ကိုလည်း ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ထည့်ဝင်လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှာ အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်ဖို့အတွက်လည်း ဝန်ကြီးဌာနကနေ ငွေကျပ်သန်း ၄၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ ဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

   ကျန်းမာရေးနဲ့ ကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ဒီအလှူတွေဟာ ဝန်ကြီးဌာနရဲ့ နိုင်ငံတဝန်းက ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင်တွေ အဆင့်မြှင့်တင်ရာမှာ၊ အောက်ဆီဂျင်ပိုက်လိုင်းတွေ၊ အောက်ဆီဂျင်ထုတ်စက်တွေ တပ်ဆင်ရာမှာ၊ တခြား ဆေးရုံပိုင်း ဆိုင်ရာ အဆင့်မြှင့်တင်တာတွေအတွက် သုံးနိုင်မှာဖြစ်လို့ အခု ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာသာမက ရေရှည်ကာလအတွက်လည်း အကျိုးအများရှိမယ်လို့ ပြောပါတယ်။

မနေ့က လှူဒါန်းငွေ စုစုပေါင်းဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ငွေကျပ် ၁,၇၂၂, ၇၅၅,၅၁၂၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းတွေက ငွေကျပ် ၁၁,၆၈၀,၀၀၀၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမီတက်က ငွေကျပ် ၃၀,၀၀၀,၀၀၀၊ နိုင်ငံ့ဝန်ထမ်း စေတနာရှင်တွေရဲ့ 1000 kyats Campaign က ငွေကျပ် ၇,၆၄၈,၅၀၀၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနဲ့ အဆောင်တွေက ငွေကျပ် ၂,၂၂၂,၀၀၀ နဲ့ သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် ၁,၀၀၀,၀၀၀ တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013