DVB Logo
Home
နိုင်ငံတကာ
ရုရှားအခြေစိုက်စခန်းများ၏အနာဂတ် ဖြေရှင်းရန် ဆီးရီးယားနှင့် သဘောတူညီချက်ရ
DVB
·
August 10, 2026
Photo: Handout via REUTERS
Photo: Handout via REUTERS
Donate to DVB

၁၈ လကြာ အပြင်းအထန် ဆွေးနွေးအပြီးမှာ ဆီးရီးယားနဲ့ ရုရှားတို့ဟာ တာတို့စ်နဲ့ မိုင်မင် ဒေသတွေက ရုရှား အခြေစိုက်စခန်းတွေရဲ့ အနာဂတ်ကို ဖြေရှင်းဖို့ နားလည်မှုစာချွန်လွှာတရပ်ကို ချုပ်ဆိုခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၉ ရက်မှာ ပြောပါတယ်။

ဆီးရီးယားနိုင်ငံဟာ မိုင်မင်လေဆိပ်နဲ့ တာတို့စ် ဆိပ်ကမ်းက ကုန်သွယ်ရေးဆိပ်ခံ အပါအဝင် အရပ်ဘက် အဆောက်အအုံတွေရဲ့ စီမံခန့်ခွဲမှုကို လွှဲပြောင်းယူမှာဖြစ်ပြီး ဒါတွေကို နိုင်ငံရဲ့ အရပ်ဘက်အုပ်ချုပ်ရေးမှာ တဖြည်းဖြည်း ပေါင်းစည်းနိုင်စေလိမ့်မယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

စစ်ဘက်အဆောက်အအုံတွေကို နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းတဲ့ အစီအစဉ်အသစ်တွေရဲ့ အောက်မှာ ပူးတွဲလေ့ကျင့်ရေးနဲ့ အရည်အချင်းစိစစ်ရေး စင်တာတွေအဖြစ် ပြန်သုံးမှာဖြစ်ပြီး အသွင်ကူးပြောင်းမှုကို ၃ လအတွင်း ပြီးစီးအောင်လုပ်မယ်လို့ ပြောပါတယ်။

တာတို့စ်နဲ့ မိုင်မင် လေတပ်စခန်းက ရုရှား ရေတပ်အဆောက်အအုံဟာ မြေထဲပင်လယ်နဲ့ အရှေ့အလယ်ပိုင်းမှာ ရုရှားရဲ့ အဓိကစစ်ရေးခြေကုပ်တွေအဖြစ် ရှိနေခဲ့တာ ကြာပါပြီ။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ အရင်သမ္မတ ဘာရှား အယ်လ် အာဆတ် ရာထူးကနေ ဖြုတ်ချခံရပြီးတဲ့နောက်ပိုင်း စခန်းတွေရဲ့ အနာဂတ်က ဆီးရီးယား ခေါင်းဆောင်သစ်နဲ့ ညှိနှိုင်းစရာ အကြောင်းအရာ ဖြစ်လာခဲ့ပါတယ်။

ဆီးရီးယားဟာ အရင်က တာတို့စ်ဆိပ်ကမ်းမှာ ရုရှားက လုပ်ကိုင်လည်ပတ်ခဲ့တဲ့ ကုန်သွယ်ရေးနေရာတွေ၊ ဆိပ်ခံအမှတ် ၄ နဲ့ ဆက်စပ်ဂိုဒေါင်တွေ၊ အဆောက်အအုံတွေကို လွှဲပြောင်းယူမယ်လို့ သီးခြားကြေညာချက်တရပ်မှာ ဆီးရီးယား ဆိပ်ကမ်းနဲ့ အကောက်ခွန်ဆိုင်ရာ အထွေထွေအာဏာပိုင်အဖွဲ့က ပြောပါတယ်။

ရုရှားက ရေတပ်စခန်းအပြင်ဘက်က ကန့်သတ်ဇုန်တခုဖြစ်တဲ့ ဆိပ်ခံအမှတ် ၄ ကို သုံးပြီး တာတို့စ်ဆိပ်ကမ်းမှာ ကုန်သွယ်ရေးထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်တခု တည်ထောင်ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

အဲဒီအချိန်က ဗဟိုချက်ဟာ ဆီးရီးယားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာဖြစ်ပြီး လည်ပတ်မှုအားလုံးက ဆီးရီးယား ဆိပ်ကမ်းနဲ့ အကောက်ခွန်ဆိုင်ရာ အထွေထွေအာဏာပိုင်ရဲ့ ခွင့်ပြုချက်အပေါ် မူတည်မယ်လို့ နှစ်ဖက်စလုံးက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013