DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ် ရဲသောင်ကျေးရွာအုပ်စု၌ ရွေးကောက်ပွဲကျင်းပရန် ကရင်ပြည်သူ့ပါတီ တောင်းဆို
DVB
·
October 20, 2020
ရွှေကျင်မြို့နယ် ရဲသောင်ကျေးရွာအုပ်စု၌ ရွေးကောက်ပွဲကျင်းပရန် ကရင်ပြည်သူ့ပါတီ တောင်းဆို
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ထဲက ရဲသောင်ကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၁၉ ရက်က စာပို့ တောင်းဆိုထားတယ်လို့ ကရင်ပြည်သူ့ပါတီက ပြောပါတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း ထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ မရှိတဲ့ အတွက်  ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာတဲ့အထဲမှာ ရွှေကျင်မြို့နယ်က ကျေးရွာအုပ်စု ၃၀ ပါဝင်လာတာဖြစ်ပါတယ်။

အဆိုပါ ကျေးရွာအုပ်စု ၃၀ ထဲက  ကျေးရွာအုပ်စု ၂၉ အုပ်စုဟာ အရင်တုန်းကလည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရွာပုန်းရွာရှောင်တွေဖြစ်လို့ ကန့်ကွက်စရာမရှိပေမယ့် ရဲသောင်ကျေးရွာအုပ်စုကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အောင်မြင်စွာကျင်းပလာတဲ့ ကျေးရွာအုပ်စုဖြစ်လို့ တိုင်းရင်းသားတွေရဲ့ ရွေးကောက်ခံခွင့်နဲ့ မဲပေးပိုင်ခွင့်ဆုံးရှုံးရအောင် ပြန်လည် ထည့်သွင်းပေးဖို့ တောင်းဆိုရတာလို့ ရွှေကျင်မြို့နယ် ကရင်ပြည်သူ့ပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမြင့်စိုးက ပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ထုတ်ပြန်တဲ့ ကျေးရွာအုပ်စု ၃၀ ထဲက ၂၉ အုပ်စုဟာ ကန့်ကွက်စရာမရှိဘူး၊ ဘာလို့လဲဆိုတော့ ရွာပုန်း ရွာရှောင် ရွာပျက်တွေဖြစ်နေလို့၊ ဒါပေမဲ့ အဲ့ထဲက ရဲသောင်ကျေးရွာအုပ်စု ပါဝင်လာတာဟာ လုံးဝ မဖြစ်သင့်ဘူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း မဲဆန္ဒရှင်စာရင်းကို နှစ်ကြိမ်တိုင်တိုင် ရဲသောင်ကျေးရွာအုပ်စုမှာ ကြေညာ ကပ်ပြီပြီ၊ ဒါကိုရွေးကောက်ပွဲနီးမှ မကျင်းပနိုင်ဘူးဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်။" 

ရဲသောင်ကျေးရွာအုပ်စုဟာ နယ်မြေတည်ငြိမ်အေးချမ်းနေပြီး  စာသင်ကျောင်းတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ​၊ ထွေအုပ်စာရေးတွေနဲ့အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအောက်မှာ ရှိနေကာ ရွေးကောက်ပွဲအဆက်ဆက်ကျင်းပလာတဲ့ ကျေးရွာဖြစ်တာကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို  ရှေးရှုပြီ အချိန်မီ စဉ်းစားသုံးသပ်ပေးစေချင်တယ်လို့ ကရင်ပြည်သူ့ပါတီက ပြောပါတယ်။

ရဲသောင်ကျေးရွာအုပ်စုမှာ ဝါးဖြူတောင်၊ ဇီးဖြူတောင်၊ ရဲသောင်၊ ကျွဲတဲ၊ ထီးဖဒို၊ မဲပျော့၊ ဟတ်ကြီး စတဲ့ကျေးရွာ ခုနှစ်ရွာပါဝင်နေပြီး အိမ်ခြေ ၃၀၀ ကျော် ရှိကာ အသက် ၁၈  နှစ်ပြည့်ပြီး မဲပေးမိုင်ခွင့်ရှိသူ ၉၀၀ ကျော်ရှိပါတယ်။

တိုင်းရင်းသားတွေရဲ့ရွေးကောက်ခံခွင့်နဲ့ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်ကို ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ UNA တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့  ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မွန်​ နိုင်ငံရေးပါတီ ၅ ပါတီ  ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

သတင်း၊ ဓာတ်ပုံ -နေလင်းထိုက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013