DVB Logo
Home
မြန်မာသတင်း
တရုတ်စစ်တပ် ထိပ်တန်းခေါင်းဆောင်တဦး မြန်မာနိုင်ငံ ရောက်ရှိ
DVB
·
July 23, 2013
တရုတ်စစ်တပ် ထိပ်တန်းခေါင်းဆောင်တဦး မြန်မာနိုင်ငံ ရောက်ရှိ
Donate to DVB

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိပ်တန်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗဟိုစစ်ရေးကော်မရှင် ဒု ဥက္ကဋ္ဌဟာ မြန်မာစစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။

တရုတ်နိုင်ငံဗဟို စစ်ရေးကော်မရှင် ဒုတိယအကြီးအကဲ  ဗိုလ်ချုပ် ဖန်ချန်လောင်း (Fan Changlong) ဟာ  ကာဇက်စတန်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကို ခရီးလှည့်ရာမှာ ဇူလိုင် ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။

ရန်ကုန်လေဆိပ်ကို ရောက်တဲ့အချိန်မှာ ထုတ်ပြန်တဲ့ မစ္စတာဖန်ရဲ့ ကြေညာချက်မှာ ဒီခရီးစဉ်ဟာ တရုတ်-မြန်မာ ဘက်ပေါင်းစုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု  ပိုအားကောင်းလာအောင် ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေး၊ ၂ နိုင်ငံ စစ်တပ်အကြား ချစ်ကြည်ရေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

[caption id="attachment_41809" align="alignright" width="300" caption="ဗိုလ်ချုပ် ဖန်ချန်လောင်း (အလယ်) ဓာတ်ပုံ - ဆင်ဟွာ"][/caption]

တရုတ် စစ်ကော်မရှင် ဒုဥက္ကဋ္ဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင် နဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဖန်ချန်လောင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သံချောင်းက အခုလို ပြောပါတယ်။

“တရုတ်နဲ့ မြန်မာဟာ အိမ်နီးနားချင်းဖြစ်တာနဲ့အမျှ နယ်ပယ်ပေါင်းစုံမှာ အသွားအလာ အဆက်သွယ် များပါတယ်။ အဲထဲမှာ စစ်ရေးလည်း ပါတယ်။ အရင်အစိုးရလက်ထက်ကတည်းက ဒီနေ့အထိ သူတို့ချင်း စစ်ရေးအရ နည်းပညာဖလှယ်တာရော၊ သတင်းဖလှယ်တာရော၊ သင်တန်းသားဖလှယ်တာရော ဘက်ပေါင်းစုံ လုပ်ကြတာပါ။ အဲဒီအစဉ်အလာက အခုထိလည်း ရှိပါတယ်။ နောက် အမေရိကန်နဲ့ မြန်မာအစိုးရ နီးစပ်လာတဲ့အခါမှာ တရုတ်က ဒါကို ပိုပြီး အလေးထားလုပ်ပါတယ်။ စဉ်းစားစရာတခုက မြန်မာပြည်မှာ လူမျိုးရေး၊ ဘာသာရေး အရေးအခင်းတွေ ဖြစ်လာပါတယ်။ အဲဒီအရေးအခင်းတွေ ဖြစ်လာတာဟာ စစ်အစိုးရက တမင် ဖန်တီးတယ်ဆိုတာ အားလုံးက သိပါတယ်။ သူဖန်တီးတုန်းက သူ့အာဏာတည်မြဲရေးအတွက် တိုင်းပြည်လှုပ်လှုပ်ဖြစ်အောင် စဉ်းစားပြီး သူလုပ်လိုက်တာ။ ဒါပေမယ့် တကယ့်တကယ့် အခြေအနေတွေက ပိုပြီး ကျယ်ပြန့်လာတယ်။ ဘာသာရေးအရေးအခင်းကို တရုတ်ကလည်း အင်မတန် စိုးရိမ်တာ။ သူ့တိုင်းပြည်ထဲမှာလည်း သူ့ပြဿနာနဲ့ သူပါ။ အဲလိုအခြေအနေမှာ ဘာသာရေးအစွန်းရောက်တွေ၊ နိုင်ငံတကာကဟာတွေပါ မြန်မာပြည်ထဲ ၀င်လာပြီဆိုတော့ တနေ့ကပဲ မန္တလေးမှာ ပေါက်ကွဲမှုဖြစ်တာ အားလုံး သိကြပါတယ်။  အဲဒါမျိုးတွေကို တရုတ်က စိုးရိမ်မှာပဲ။ ဒါတွေအတွက် မြန်မာအစိုးရနဲ့ သတင်းဖလှယ်တာ၊ ညှိနှိုင်းတာ လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။”

တရုတ်စစ်ခေါင်းဆောင်ဟာ မြန်မာ ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇူလိုင် ၂၃ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံက လူထုဝန်ဆောင်မှု သင်္ဘောတစီးဟာလည်း မြန်မာကို ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လာရောက်မှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အမေရိကန်အပါအ၀င် အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးမြင့်လာချိန်မှာ  တရုတ်ကလည်း မြန်မာနိုင်ငံနဲ့  စစ်ဘက်ရော၊ အရပ်ဘက်ဆက်ဆံရေးပါ ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားလာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013