DVB Logo
Home
မြန်မာသတင်း
မန္တလေး NLD ကားစတစ်ကာ အလှဆင်ပြိုင်ပွဲတွင် ကားအစီးရေ ၂၇၀ ယှဉ်ပြိုင် 
DVB
·
October 20, 2020
မန္တလေး NLD ကားစတစ်ကာ အလှဆင်ပြိုင်ပွဲတွင် ကားအစီးရေ ၂၇၀ ယှဉ်ပြိုင် 
1 / 6
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမှတ်တံဆိပ်  ကားစတစ်ကာ အလှဆင်ပြိုင်ပွဲကို မန္တလေးမြို့ ၂၆လမ်း၊ ၇၀လမ်းနဲ့ ၇၁လမ်းကြားမှာ အောက်တိုဘာ ၂၀ ရက် မနက်က ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကို WE LOVE MANDALAY Group က စီစဉ်ကျင်းပတာဖြစ်ပြီး NLD စတစ်ကာကပ်ထားတဲ့ ကားအစီးရေ ၂၇၀ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကားအလှစတေးကာပြိုင်ပွဲဝင် NLD ဝန်းရံသူ ဦးစောလင်းထင်က "အစက အမေစုပုံနဲ့ ရိုးရိုးပဲ အလှဆင်ပြီး ကပ်ခဲ့တာ၊ ကားအလှပြိုင်ပွဲရှိလာတော့ ကားမှာ ပြည်သူတွေ မဲပေးမမှားဖို့ ပုံတွေ အမှန်ခြစ်နဲ့ မဲဇယားကွက် နမူနာပုံတွေ NLD ရွေးကောက်ပွဲဝင်ခဲ့တဲ့ သမိုင်းကြောင်းပါတဲ့ ပုံလေးတွေ၊ အမေစုက တိုင်းရင်းသားတွေ ကိုယ်စားပြု ချင်း၊ ကချင်၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံတွေ ကပ်ထားပါတယ်၊ ကိုယ်ကားကို ကြည့်လိုက်တာနဲ့ NLD ကို ချစ်လာအောင် NLD ကို မဲထည့်ချင်အောင် မဲထည့်တဲ့အခါမှာလဲ မမှားအောင် အဲလိုစိတ်ကူးနဲ့ အလှဆင်ပြီး စတေးကာတွေ ကပ်ထားတယ်၊ ပြိုင်ပွဲဝင်တာဆိုတော့ ဆုရချင်ပေမယ် NLD အောင်နိုင်ရေး တစ်ထောင့်တစ်နေရာကနေ ဝန်းရံချင်လို့ ပါဝင်ဖြစ်တာပါ၊ NLD နိုင်မှာ ကိုယ်တို့ အနာဂတ်က သေချာမှ ဖြစ်ပါတယ် " လို့ ပြောပါတယ်။

အဲဒီ NLD ကားစတစ်ကာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကားတွေထဲမှာ အလှဆုံးဖြစ်တဲ့  ဆန်ကာတင်ကား  ၂၃ စီးကို ရွေးချယ်သွားမှာပါ။

အဲဒီပြိုင်ပွဲမှာ ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၃ သိန်းနဲ့ နှစ်သိမ့်ဆု ၂၀ ကို ချီးမြှင့်မှာဖြစ်ပြီး အဆိုပါ ဆန်ကာတင် ကား  ၂၃ စီးထဲကနေ အွန်လိုင်းပေါ်မှာ   လူကြိုက်အများဆုံးဆုကိုလည်း ချီးမြှင့်သွားမှာဖြစ်ပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013