DVB Logo
Home
မြန်မာသတင်း
Save Monywa အဖွဲ့က ဝင်ငွေနည်းမိသားစုများကို ဆန်နှင့် ရိက္ခာ နေ့စဉ်ဖြန့်ဝေ
DVB
·
October 19, 2020
Save Monywa အဖွဲ့က ဝင်ငွေနည်းမိသားစုများကို ဆန်နှင့် ရိက္ခာ နေ့စဉ်ဖြန့်ဝေ
Donate to DVB

ကိုဗစ်-၁၉ ကာလအတွင်း မုံရွာမြို့ပေါ်က စားစရာအခက်အခဲဖြစ်နေတဲ့ ဝင်ငွေနည်းမိသားစု တွေကို Save Monywa အဖွဲ့ကနေ အိမ်တိုင်ရာရောက် ဆန်နဲ့ ရိက္ခာတွေကို နေ့စဉ် လိုက်လံပေးဝေနေပါတယ်။

အများပြည်သူ လှူဒါန်းထားတာတွေကို တဆင့်ပြန်လည်လှူးဒါန်းပေးနေတာဖြစ်ပြီး အခက်အခဲဖြစ်ပါက ဆက်သွယ်ကြဖို့ Save Monywa အဖွဲ့က နှိုးဆော်ထားပါတယ်။ 

နေ့စဉ်လည်း လာရောက်ဆက်သွယ်သူ ၂၀ ဝန်းကျင်ရှိနေပြီး ၂ ပတ်အတွင်း လူပေါင်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဆန်၊ ဆီ၊ ဆား၊ အသားတု၊ အာလူး၊ ကြက်ဉ၊ ကြက်သွန်၊ ခေါက်ဆွဲ စတာတွေကို ဆက်သွယ်လာသူတွေကို ဖြန့်ဝေပေးနေတာမှာ အများစုကတော့ သားသမီးကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုတွေကို အဓိကဦးစားပေး ဝေနေပါတယ်။

လတ်တလောမှာ ကိုဗစ်ကပ်ရောဂါက ဒေသတွင်းမှာလည်း ကူးစက်မှုတွေ တွေ့ရှိနေရတဲ့အတွက် လူအများနဲ့ လုပ်ရတဲ့ အလုပ်အကိုင်တွေကလည်း ရပ်နားထားကြရတာပါ။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မုံရွာအပါအဝင် မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၆ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၁၃၄ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013