DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ တစညပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ် နှောင့်ယှက်ခံရ 
DVB
·
October 19, 2020
ဝမ်းတွင်းမြို့နယ်၌ တစညပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ် နှောင့်ယှက်ခံရ 
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပဲနံသာအုပ်စု၊ သပြေရိုးရွာအဝင်မှာ  အောက်တိုဘာ ၁၈ ရက် ညနေက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အောင်နိုင်ရေး မဲဆွယ်စည်းရုံး ထွက်လာတဲ့ ကားကို မှန်ကွဲအောင် ခဲနဲ့ပေါက် တုတ်နဲ့ရိုက်ခဲ့သူ ၁ ဦးကို နယ်မြေ ရဲစခန်းက မှုဖွင့်ထားပါတယ်။

ရွှေတောင်ရွာ ရဲစခန်းစခန်းမှူး ရဲအုပ်ယဉ်ထွေးက “တစညပါတီ အောင်နိုင်ရေးကား ၂ စီး လာတာ။ ရှေ့ဆုံးကားကို တုတ်နဲ့ရိုက် ခဲနဲ့ပေါက် လုပ်တယ်၊ ကားလေကာမှန် ကွဲသွားတယ်။ ၅ သိန်း လောက်တန်ပါတယ်။ အမှုဖွင့်ထားလို့ ရဲက သွားခေါ်တာတောင် ရန်မူသေးတယ်”လို့ ပြောပါတယ်။

တစညပါတီက လိုက်ထရပ်ကား ၂ စီးနဲ့ ကားဘေးမှာ ကိုယ်စားလှယ်လောင်းတွေပါတဲ့ ဗီနိုင်း ကပ်ပြီး အောင်နိုင်ရေးလုပ်ဆောင်နေတာပါ။

အောင်သာရွာဘက်က သပြေရိုးရွာဘက်အလာ ရွာအဝင်မှာ သပြေရိုးရွာသား ကိုအောင်ကျော်က တစညပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ကို မောင်းလာ တဲ့ လိုက်ထရပ်ကား ရှေ့လေကာမှန်ကို တုတ်နဲ့ရိုက် ခံနဲ့ပေါက် လုပ်တာကြောင့် ကားမှန်ကွဲအက်သွားခဲ့ပါတယ်။

တစညပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်ကိုက “အောင်နိုင်ရေး လုပ်နေတာ ရွာအဝင်မှာ ဖြစ်သွားတယ်။ ဘာလို့ လုပ်တယ် ဘာရည်ရွယ်ချက် ဆိုတာတော့ မသိဘူး။ ကားနောက်ဆုတ်ပြီး တခြားလမ်းက ပြန်လာခဲ့တာ”လို့ ပြောပါတယ်။

ဦးမောင်ကိုက တရားလိုလုပ်ပြီး ကိုအောင်ကျော်ကို ရွှေတောင်ရွာရဲစခန်းမှာ ခဲနဲ့ပေါက်မှု၊ ဆဲဆိုမှု၊ အကျိုးစီးပွား ဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆ ၊ ၂၉၄၊ ၄၂၇ တို့နဲ့  အမှုဖွင့်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013