DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ ညှဉ်းပန်းမှု ရပ်ရန် တောင်းဆို
DVB
·
July 22, 2013
ရဲတပ်ဖွဲ့ ညှဉ်းပန်းမှု ရပ်ရန် တောင်းဆို
Donate to DVB

ညှဉ်းပန်းနှိပ်စက်ခြင်း​ ဆန့်ကျင်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခြင်း ဆန့်ကျင်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ၁၉၈၄ ခုနှစ်မှာ အတည်ပြုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးခြင်းမရှိသေးပါဘူး။



[caption id="attachment_14733" align="alignleft" width="300" caption="ဦး​မင်း​လွင်ဦး​"][/caption]

အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ စစ်မေးရင်း သေဆုံးသူ၊ လူဖြစ်ရှုံးသူတွေ ရှိနေဆဲဖြစ်ကြောင်းနဲ့ ရပ်တန့်သင့်ပြီလို့ ပြောပါတယ်။


ဒီလဆန်းပိုင်းက မန္တလေးမြို့မှာ လိင်တူဆက်ဆံသူ ဂေးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဖားခုန်ခုန်ခိုင်းတာ၊ မြင်းလိုထိုင်ခိုင်းတာ၊ အ၀တ်အစား ချွတ်ပြီ လမ်းလျှောက်ခိုင်းတာ၊ သန်ရှင်းရေးလုပ်ခိုင်း၊ အ၀တ်လျော်ခိုင်းတာ၊ ဖိနပ်တိုက်ခိုင်းတာတွေဟာ ရဲတပ်ဖွဲ့အနေနဲ့ လုံးဝမလုပ်ဆောင်သင့်ဘူးလို့ သူက ထောက်ပြပါတယ်။

ဦးမင်းလွင်ဦးက “မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးပါ အခြေခံ အချက်တွေကို လိုက်နာဖို့လိုတယ်။ နှိပ်စက်ညှဉ်းပန်းခြင်းဆန့်ကျင်မှု စာချုပ်တွေမှာ လက်မှတ်ထိုးဖို့ လိုတယ်။ ကုလသမဂ္ဂ၀င် နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်းမှာ လူသားချင်း ခွဲခြားဆက်ဆံ တဲ့ကိစ္စတွေ ရှိခဲ့ရင်တောင်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကာကွယ်တားဆီးပေးရမှာ ဖြစ်ပါလျက်နဲ့ အခုလိုမျိုး ဥပဒေမဲ့ ပြုမူလုပ်ဆောင်တာတွေဟာ မလုပ်သင့်တဲ့ကိစ္စတွေဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ၁ လကို လူ ၁ ဦးနှုန်းလောက် သေဆုံးနေတယ်လို့ သိရတဲ့အတွက် ဒီကိန်းဂဏန်းဟာ ကြောက်စရာကောင်းတယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

equality Myanmar အဖွဲ့ ဒါရိုက်တာ ဦေးအာင်မျိုးမင်းက အရင်က နိုင်ငံရေးအကျဉ်းသားတွေ၊ အပြစ်မဲ့အရပ်သားတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တာကို ထောက်ပြပြီး ပပျောက်ရမယ့်အချိန်မှာ လိင်တူချစ်သူတွေကို ပစ်မှတ်ထားညှဉ်းပန်းတာ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ညှဉ်းပန်းနှိပ်စက်ခြင်း ပုံစံမျိုးစုံပေါ်ပေါက်မလာအောင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းသင့်တယ်လို့ သူက ထောက်ပြပါတယ်။

“လူ့အခွင့်အရေး ကော်မရှင်ကလည်း ဒါကို အရေးတယူ ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘယ်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း မရှိစေရ ဆိုတဲ့ အပိုဒ်ကို တိတိလင်းလင်း ပြဋ္ဌာန်းဖို့ လိုအပ်သလို နိုင်ငံတကာမှာ ရှိနေတဲ့ ညှင်းပန်းနှိပ်စက်ခြင်း ဆန့်ကျင့်မှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့အတွက်လည်း တိုက်တွန်ချင်ပါတယ်။”

ဒီလ ၇ ရက်နေ့က မန္တလေးမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ်  တိုင်ကြားဖို့အတွက်  ကာယကံရှင်တွေ ရန်ကုန်ရောက်နေပြီး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမယ်လို့ ဆိုပါတယ်။



[caption id="attachment_28032" align="alignright" width="300" caption="ဦးအောင်မျိုးမင်း"][/caption]

ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေး ကော်မရှင်ကို ကိုယ်တိုင်သွားပြီးတော့ တိုင်ကြားမှာဖြစ်တယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ သေချာ ရေးထားပြီးသား ဖြစ်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကနေ ဒီကိစ္စတွေကို ပြန်ပြီးတော့ စုံစမ်းမှုတွေ လုပ်ဆောင်မယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ဘယ်လိုဆက်လက်အကောင်အထည်ဖော်မလဲဆိုတဲ့ကိစ္စကို ဆက်တိုက် စောင့်ကြပ်ပြီးတော့ လုပ်ဆောင်နေပါတယ်။ တဖက်မှာလည်း  ဒီလိုမျိုး လုပ်ဆောင်မှုက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းထက် ပိုပြီး လုပ်ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဥပဒေအရ ပြန်လည်ဆောင်ရွက်နိုင်ဖို့ ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေပါတယ်။”


ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ခြင်းနဲ့ လူသားမဆန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဆန့်ကျင်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတကာမှာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျူးလွန်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013