DVB Logo
Home
မြန်မာသတင်း
တေးသံရှင် ပိုပို သီတင်းကျွတ်လပြည့်ည အွန်လိုင်းလိုက်ဖ်ဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
October 19, 2020
တေးသံရှင် ပိုပို သီတင်းကျွတ်လပြည့်ည အွန်လိုင်းလိုက်ဖ်ဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အမျိုးသမီးတေးသံရှင် ပိုပိုရဲ့ တကိုယ်တော်အွန်လိုင်းလိုက်ဖ်တေးဂီတဖျော်ဖြေပွဲကို လာမယ့်သီတင်းကျွတ်လပြည့်ညမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပိုပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“ပိုပိုမှ ပိုပိုဆိုတဲ့ ကိုကိုတွေ မောင်မောင်တွေအတွက် သတင်းကောင်းလေး ပြောပြချင်ပါတယ်။ ကိုကိုတွေအတွက်ပဲလား ဆိုတော့လည်း ပိုပိုကို ချစ်တဲ့ ပရိသတ်တွေ အားလုံးအတွက် သတင်းကောင်းလေးဖြစ်လို့ ကိုကို ပျိုပျို ညလေး မောင်လေးတွေမကျန် ကွီးတို့ မွီးတို့ ဦးဦး ဒေါ်ဒေါ် အားလုံးပါတယ်နော်။ သီတင်းကျွတ်ကို Stay Home ရင်း အိမ်တွင်းပုန်းနေရတဲ့ ပရိသတ်တွေအတွက် Po Po Vip Fan Club Groupလေးနဲ့ မိတ် ဆက်ပေးချင်ပါတယ်။ ဘယ်မှ မသွားရ ဘာမှမလုပ်ရလို့ စိတ်ဓာတ်တွေကျနေကြတဲ့ ပရိသတ်တွေကတော့ ငွေကျပ် သုံးထောင် မန်ဘာကြေးသွင်းရုံနဲ့ ၃၁ ရက်နေ့ ည ၈နာရီမှာ အားလုံးအပြုံးတွေနှင့် ဖြစ်သွားရအောင် Live streaming at home concerts မှာ ချစ်ကြမယ်ကွာ”

ပိုပိုဟာ Underground တေးဂီတလောကမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပြီးမှ “ချစ်ဖူးခဲ့သမျှ”တကိုယ်တော် တေးအယ်လ်ဘမ် တချပ်တည်းနဲ့တင် ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့သူတဦးဖြစ်ပြီး ဒုတိယမြောက် တေးအယ်လ်ဘမ် “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”တေးအယ်လ်ဘမ်အပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း သူ့ရဲ့ Masterpiece in Mandalay လို့ အမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော်တေးဂီတဖျော်ဖြေပွဲကို မန္တလေးမြို့၊ Yadanarpon Event Park မှာ ကျင်းပခဲ့ပါသေးတယ်။

ခုတခါမှာတော့ ကိုဗစ်-၁၉ ကပ်ကာလ စတေးဟုမ်းပရိသတ်တွေအတွက် ပိုပိုက နေအိမ်ကနေ PO PO VIP FAN CLUB GROUP ထဲကတဆင့် တိုက်ရိုက်လိုက်ဖ် ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။

ဒီပွဲကို ကြည့်ရှုလိုသူတွေအနေနဲ့ 09420244829 ဖုန်းနံပါတ်ကို KBZ Pay, CB Pay, Wave Pay တခုခုနဲ့ မန်ဘာကြေးငွေကျပ် ၃,၀၀၀ လွှဲပေးရမှာဖြစ်ပြီး Group ကို Join ထားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ငွေလွှဲပြီးကြောင်း ScreenShot နဲ့ Facebook အကောင့် ScreenShot တို့ကို Viber ဖုန်းနံပါတ်-09420244829 နဲ့ 09964159584 တို့ကို ပေးပို့ပြီးရင်တော့ VIP Member ဖြစ်ပြီး ဖျော်ဖြေပွဲကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မန်ဘာကြေးသွင်းထားသူတွေအနေနဲ့ တေးသံရှင် ပိုပိုနဲ့ ဖုန်းပြောခွင့်ရမယ့် အစီအစဉ်တွေ၊ တခြားကံစမ်းမဲ အစီအစဉ်တွေမှာပါ ပါဝင်နိုင်မှာဖြစ်ပြီး ကံစမ်းမဲနဲ့ ဖုန်းပြောခွင့်ဟာ လာမယ့် အောက်တိုဘာ ၂၅ ရက်အထိသာ အကျုံးဝင်ကြောင်းလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေကို အသိပေးထားပါတယ်။

Photo - Po Po Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013