DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အကြီးဆုံး ကြေးသွန်းခေါင်းလောင်း မြောင်းမြမြို့တွင် သွန်းလုပ်မည်
DVB
·
July 22, 2013
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့က မြစိမ်းရောင်တောင်  ရှေးဟောင်းသာသနာ့နယ်မြေမှာ  တည်ထားကိုးကွယ်မယ့်  ကြေးတန်ချိန်  ၃၃၃ တန်ရှိ  ကမ္ဘာ့အကြီးဆုံး ကြေးသွန်းခေါင်းလောင်းကို သွန်းလုပ်ဖို့ စီစဉ်နေပါတယ်။

ဒီခေါင်းလောင်းကို ဓမ္မမဏ္ဍိုင် ခေါင်းလောင်းတော်ကြီးလို့ အမည်ပေးထားပြီး မြတိဂုံစေတီ တော် ရင်ပြင်မှာ  ထားရှိမှာဖြစ်တယ်လို့  ခေါင်းလောင်းဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူ ဦးသောင်းမြင့်က  ပြောပါတယ်။

“ဒီဇိုင်းတွေ အကုန်လုံးကို လုပ်ပြီး အသံတွေဘာတွေ နားထောင်ပြီးတော့ ကျနော်တို့က ၆ လအတွင်းမှာ စလုပ်မှာပါ။ ကျနော်တို့ မြန်မာထုံစံအတိုင်းက ကိုးဂဏန်းဖြစ်တော့ ၃၃၃ တန်ဆိုပြီးတော့ ပြတ်ပြတ်သားသားလေး ဖြစ်သွားအောင် ရည်ရွယ်ပြီးတော့ ဒီဇိုင်းထုတ်ချင်တဲ့ အများသိအောင်လုပ်မှ ဖြစ်မယ် ဆိုပြီးတော့၊ တည်ထားမှာလည်း မြောင်းမြ မြတိဂုံ စေတီဘုရားကြီးမှာ တည်ထားမှာဆိုတော့လေ ခေါင်းလောင်ကြီးရဲ့ နာမည်ကလည်း ဓမ္မမဏ္ဍိုင် ခေါင်းလောင်းတော်ကြီးဆိုပြီးတော့ ရွေးထားတယ်။”

ဒီကနေ့မှာတော့ မြတိဂုံဘုရားဌာပနာပိတ်ပွဲပြုလုပ်ခဲ့ပြီး ခေါင်းလောင်ကြီးအတွက် လှူဒါန်းလို သူတွေ အားလုံးပါဝင်လှူဒါန်းနိုင်ကြောင်းလည်း နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာ ထားပါတယ်။

ဒီခေါင်းလောင်းကြီးတည်ဆောက်မှုအတွက် ကျပ်သိန်းပေါင်း ၇ သောင်းကုန်ကျမယ်လို့ ခန်းမှန်းထားပြီး အများပြည်သူတွေ အားလုံးထည့်ဝင် လှူဒါန်းနိုင်အောင်ရည်ရွယ်ပြီး အလှူငွေကို အများဆုံး ကျပ် ၃ သောင်းသာ လှူဒါန်းဖို့ ကန့်သတ်ထားတယ်လို့ ခေါင်းလောင်းဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

ဦးသောင်းမြင့်က “ဘာဖြစ်လို့ သတ်မှတ်တာလဲဆိုတော့ ကျနော်တို့က ပိုက်ဆံလှူမယ့်လူတွေက ရှိပြီးသားဆိုတော့ အလှူငွေတွေ လူတိုင်လည်း ပါအောင်ဆိုပြီးတော့ အလှူရှင်တွေကနေပြီးတော့ ငွေ သုံးသောင်းပဲ သူက သတ်မှတ်တာပါ။ လူတိုင်းပါဝင် လှူဒါန်းလို့ရအောင်လေ နောက်ပြီးတော့လည်း ဒီခေါင်းလောင်နဲ့ ပတ်သက်ပြီးတော့ သူတို့မှာက သူတို့ရဲ့ ၀န်ထမ်းတွေကိုက သိန်းဂဏန်းနဲ့ ရှိတာကိုး သူတို့ရဲ့ ၀န်ထမ်းတွေလည်း ပါအောင်ပေါ့နော်။”

မြတိဂုံစေတီဟာ  လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက ၀န်ကြီးချုပ်ဟောင်း  ဦးခင်ညွန့် တည်ထားပြီး မပြီးစီးသေးတဲ့ စေတီလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  လက်ရှိ အကြီးဆုံး ကြေးသွန်းခေါင်းလောင်းကတော့ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်ပြီး အလေးချိန်အားဖြင့် တန် ၉၀.၉၂ နဲ့ ကမ္ဘာ့မှာ တတိယ အကြီးဆုံးခေါင်းလောင်းအဖြစ် လူသိများပါတယ်။ ဓမ္မမဏ္ဍိုင်ကြေးသွန်းခေါင်းလောင်းကြီးကတော့ အမြင့် ဥာဏ်တော် ၂၁၆ တောင်၊ အလေးချိန် ကြေးပိဿာချိန် ၂ သိန်းကျော် ရှိမှာဖြစ်ပါတယ်။  ခေါင်းလောင်းကြီးအတွက် ထည့်ဝင် လှူဒါန်းလိုသူတွေအနေနဲ့ မြန်မာ့မွေးမြူရေးနဲ့ ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲတွေမှာ လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013