DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံး အာရှနိုင်ငံများတွင် မြန်မာက အဆင့် ၂၉ တွင်ရှိနေ
DVB
·
October 19, 2020
ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံး အာရှနိုင်ငံများတွင် မြန်မာက အဆင့် ၂၉ တွင်ရှိနေ
Donate to DVB

       လတ်တလော ကမ္ဘာ့နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံး အာရှ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ကူးစက်ခံရသူဦးရေ ၃၆,၀၀၀ ကျော်နဲ့ အဆင့် ၂၉ နေရာ မှာ ရှိနေတယ်လို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

       အာရှနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၇ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၁၁၄,၆၂၁ ယောက်ရှိနေတာ ဖြစ်ပါတယ်။

       အိန္ဒိယနိုင်ငံရဲ့ နောက်မှာတော့ အီရန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၃၀,၃၈၀ ယောက်နဲ့ သေဆုံးသူ ၃၀,၃၇၅ ယောက်၊ အီရတ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၄၂၆,၆၃၄ ယောက်နဲ့ သေဆုံးသူ ၃၀,၃၇၅ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာပါ။

       အဆင့် ၄ နေရာမှာတော့ မြန်မာနိုင်ငံရဲ့ နောက်ထပ်အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရောဂါကူးစက်ခံရသူ ၃၈၈,၅၆၉ ယောက်၊ သေဆုံးသူ ၅,၆၆၀ ယောက်နဲ့ ရှိနေပါတယ်။

       အဲဒီနောက်မှာတော့ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၆၁,၈၆၇ ယောက်နဲ့ ၃၅၆,၆၁၈ ယောက်စီ အသီးသီးနဲ့ ရှိပါတယ်။

       ဂျပန်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၂,၆၅၆ ယောက်၊ သေဆုံးသူ ၁,၆၇၀ နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပါတယ်။

       ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၆၇၂ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ထပ်မံ တိုးလာ ခြင်းမရှိပဲ အာရှနိုင်ငံအလိုက် အမှတ်စဉ် ၁၈ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေ အတွက် ၅၇,၉၁၁ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေပြီး အာရှအဆင့် ၂၃ မှာ ရှိနေခဲ့တာပါ။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၆,၀၂၅ ယောက်၊ သေဆုံးသူ ၈၈၀ ယောက်နဲ့ အာရှအဆင့် ၂၉ မှာ ရှိပါတယ်။

ဒါဟာ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာနေခဲ့တာပါ။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၀,၄၉၈ ယောက်နဲ့ သေဆုံးသူ ၁၈၇ ယောက်ရှိနေပြီး အဆင့် ၃၁ နေရာမှာ ရှိနေတာပါ။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၆၈၆ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူ ထပ်တိုးမလာဘဲ ၅၉ ယောက်ရှိနေပြီး အာရှအဆင့် ၃၈ နေရာမှာ ရှိနေခဲ့ပါတယ်။

       နောက်ထပ် အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၃ ယောက်နဲ့ အာရှဒေသတွင်း ကူးစက်မှုအနည်းဆုံးနိုင်ငံ ဖြစ်နေပြီး သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

       တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၄၀ ဒသမ ၂ သန်းကျော်လာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013