DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပစ္စည်း တရားမဝင်တင်ပို့သည့် စက်လှေသမား ၉ ဦးကို ချုပ်ရမန်ယူ
DVB
·
October 18, 2020
ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပစ္စည်း တရားမဝင်တင်ပို့သည့် စက်လှေသမား ၉ ဦးကို ချုပ်ရမန်ယူ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ပစ္စည်းတွေ တရားမဝင်တင်ပို့တဲ့ စက်လှေမောင်းသူ အပါအဝင် ၉ ဦးကို အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်တရားရုံးမှာ ချုပ်ရမန်ရယူထားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်တရားရုံး တာဝန်ရှိသူတဦးက “ဒီနေ့ မကျည်းချောင်း နယ်ခြားစောင့်စခန်းက ၉ ဦးကို ရမန်ရယူတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မနဲ့ ရမန်ရယူထားတယ်” လို့ ပြောပါတယ်။

အဲဒီစက်လှေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးခြောက်တွေ သွားရောက်ပို့ဆောင်တာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်က မောင်တောမြို့ ဂေါ်ဒူသာရ ချောင်းဝကင်းစခန်းရဲ့ ၁ မိုင်ခန့်အကွာမှာ သဲသောင်ခုံကို တိုက်မိကာ လှေဝမ်းဗိုက်ပေါက် နစ်မြုပ်သွားခဲ့တာကြောင့် လှေမောင်းအပါအဝင် လှေပေါ်ပါလာသူ ၉ ဦးကို ဂေါ်ဂူသာရနယ်မြေစခန်းက ကယ်ဆယ်ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။

လှေပေါ်မှာ ငါးခြောက်အိတ် ၁၁၅၀ အိတ်တင်ဆောင်ထားတယ်လို့ မကျည်းချောင်း ရဲစခန်းမှူး ရဲအုပ်အောင်မျိုးလွင်က DVB ကို ပြောပါတယ်။

“မော်ဘုတ်သမား ၉ ဦးကို မကျည်းချောင်းနယ်မြေစခန်းက ကယ်ဆယ်ထားနိုင်ခဲ့တယ်။ သူတို့ကို မကျည်းချောင်းနယ်မြေစခန်းမှာပဲ (ပ)၃/၂၀၂၀ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးမှု ဥပဒေပုဒ်မ ၂၅/၃၀(က) နဲ့ အမှုဖွင့်လှစ်လိုက်တယ်။”

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကလည်း ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ တရားမဝင်သွားရောက်တဲ့ ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်ထားတဲ့ စက်လှေ ၁ စီးကို မောင်တောမြို့အမှတ် (၁) ရေအထူးတပ်ဖွဲ့က  နတ်မြစ်အတွင်း နွားမြက်ထောင် ချောင်းဝ ၁ မိုင်ခန့်အကွာမှာ ဖမ်းမိခဲ့ပြီး လှေပေါ်မှာ လူ ၆ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013