DVB Logo
Home
ကျန်းမာရေး
ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့
DVB
·
October 18, 2020
ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့
Donate to DVB

ကိုဗစ်ရောဂါပိုးကို ခံစားနေရတယ်။ ဒါပေမယ့် အရမ်းပြင်းထန်နေတာမျိုး မဟုတ်ဘူး။ အနံ့ပျောက်ရုံလောက်ပဲဆိုရင်တော့ ဆေးကုသမှု ခံယူနေစဉ်အတွင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့အရာလေး ရှိပါတယ်။ ဒါကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ် ခံစားရမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဒီတော့ ကိုဗစ်ပိုးတွေ့လူနာ တစ်ယောက်အနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားပါတယ်။

ကိုဗစ်ပိုးတွေ့ လူနာအတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်း အချို့


ကိုဗစ်ပိုးတွေ့တယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်မယ်ဆိုရင် ကုသပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတာက ကိုဗစ်ကို သက်သာစေနိုင်သလို ကိုဗစ်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဒီတော့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ။

အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ


ကိုဗစ် ဗိုင်းရပ်စ်က အဆုတ်ကို အဓိက တိုက်ခိုက်တာပါ။ ဒီတော့ အရေးအကြီးဆုံးက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာဖို့ဟုတ်။ ဒီတော့ ဘာလုပ်မလဲ။

လွယ်ပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ပါ။ အသက်ရှူလေ့ကျင့်ခန်းက အဆုတ်ကို ကျန်းမာစေသလို သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းပြိး စိတ်ရော ကိုယ်ပါ ကျန်းမာစေမှာပါ။

အသက်ရှူလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အရင်ဆုံး ခါးကို မတ်မတ်ထားပါ။ လက်နှစ်ဖက်ကို သက်သောင့်သက်သာ အနေအထားမှာထားပြီး လေကို တဝရှူသွင်းပါ။ ဝမ်းဗိုက်ထဲထိရောက်အောင်ပေါ့။ ပြီးရင်တော့ ၁၅ စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင်ဝမ်းဗိုက်လေး ဖောင်းသွားတဲ့အထိ ရှူထုတ်လိုက်ပါ။

တစ်ခါလုပ်ရင် ၅ ကြိမ်စီလောက်နဲ့ ၃ ကျော့လောက် လုပ်ပေးပါ။

ဝင်သက်ထွက်သက်မှတ်ပါ


ဒါက အသက်ရှူလမ်းကြောင်းကို လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ဝင်လေထွက်လေကို တစ်ချက်ချင်း မှတ်ပေးတာပါ။ ဒီ လေ့ကျင့်ခန်း လုပ်ဖို့ အရင်ဆုံး

  • မတ်မတ်ထိုင်ပါ။ အနေအထား မှန်လေလေ အဆုတ် လှုပ်ရှားမှုကို ကောင်းစေလေလေပါ။

  • နှာခေါင်းကနေတဆင့် လေကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။

  • နှုတ်ခမ်း နှစ်ခုကို ထိရုံလေး စေ့ထားပါ။

  • ပြီးရင် လေကို ရှူထုတ်တပါ။ ရှူထုတ်တဲ့အခါ လေကို တဝကြီး ရှူထုတ်လိုက်ဖို့ မမေ့ပါနဲ့။


၁၀ကြိမ်လောက် လုပ်ပေးပါ။ အဆုတ်ထဲက လေတွေကို သန့်စင်ပေးဖို့ ထိရောက်တဲ့ လေကျင့်ခန်း တစ်ရပ်ပါ။

Standing toe-touch stretch


နာမည်ကြီး ကြားပြီး မလုပ်တတ်လောက်ဘူးလို့ မထင်လိုက်ပါနဲ့။ ဒီလေ့ကျင့်ခန်းက အဆုတ်တွေကို အားကောင်းစေသလို လုပ်ရတာလည်း လွယ်ကူ ရိုးရှင်းပါတယ်။ လေ့ကျင့်ခန်း စဖို့အတွက်

  • မတ်မတ်ရပ်ပါ။

  • လက်နှစ်ဖက်ကို ရှေ့တည့်တည့်ကို ဆန့်တန်းလိုက်ပါ။

  • ပြီးရင် ခါးကို ကိုင်းလို့ ဆန့်ထားတဲ့ လက်ဖျားနဲ့ ခြေမထိပ်ကို ထိဖို့ ကြိုးစားပါ။

  • ပြီးရင် ပုံမှန်အတိုင်း ပြန်နေပါ။ နောက်တစ်ခေါက် ထပ်လုပ်ပါ။ ၅ ကြိမ်လောက်အထိ လုပ်ပေးလို့ ရပါတယ်။


ဒီလေ့ကျင့်ခန်းက ကိုယ်တွင်းကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး အဆုတ်တွေကို ကျန်းမာစေမှာပါ။ အကြောတွေကို ပြေလျော့စေလို့ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

အေရိုးဗစ်


အေရိုးဗစ် လေ့ကျင့်ခန်းက အဆုတ် ကျန်းမာစေဖို့ အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ အေရိုးဗစ်က ကြွက်သားတွေကို လှုပ်ရှားစေပြီး အဆုတ်၊ နှလုံး စတဲ့ အစိတ်အပိုင်းတွေကို ကျန်းမာစေသလို သက်လုံကောင်းစေပါတယ်။ ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။

ခပ်မြန်မြန် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေ လုပ်ပေးလို့ ရပါတယ်။

ယောဂ


ယောဂက စိတ်ကို တည်ငြိမ်စေသလို ခန္ဓာကိုယ်က အကြောတွေ ပြေလျော့စေပြီး သွေးတွင်း အောက်ဆီဂျင် လည်ပတ်မှုကို ကောင်းစေပါတယ်။ ဒီတော့ မနက်ခင်းတိုင်းမှာ ယောဂ လေ့ကျင့်ပေးတာကလည်း ကိုဗစ် ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။

အခုပြောခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်မယ့် လေ့ကျင့်ခန်းလေးကို ရွေးချယ် လုပ်ဆောင်ရင်း စိတ်ရောကိုပါကျန်းမာအောင် ဂရုစိုက်ပေးပါ။

 ရေးသားသူ Aye Thi Mon

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013