DVB Logo
Home
မြန်မာသတင်း
နိုင်ငံအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်တွဲလုပ်မည်ဟု သူရဦးရွေမန်းပြော
DVB
·
July 19, 2013
နိုင်ငံအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်တွဲလုပ်မည်ဟု သူရဦးရွေမန်းပြော
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရေးကို ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းအနေနဲ့ အားသွန်ခွန်စိုက်လုပ်ပေးဖို့  လိုအပ်တယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းကြည်က တိုက်တွန်းလိုက်သလို သူရဦးရွေမန်းကလည်း အတတ်နိုင်ဆုံး မျှတအောင် ဆောင်ရွက်မယ်လို့ ကတိပြုပြောဆိုပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က    ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ  သူရ ဦးရွှေမန်းနဲ့  ဒေါ်အောင်ဆန်းကြည်တို့က သတင်းထောက်တွေကို  နှစ်နာရီခန့် ကြာတဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံဟာ မြန်မာ့နိုင်ငံရေးလောကမှာ ထောက်ခံမှုရနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ချက်ဖြစ်နေတာကြောင့်  ဖွဲ့စည်းပုံကို ပြင်မှ မျှမျှတတဖြစ်မယ်ဆိုပြီး အများရှေ့မှာ တိုက်တွန်းတာပါ။

လာမယ့် ရွေးကောက်ပွဲမှာ  မျှတမယ်ဆိုရင် သူတို့အနေနဲ့ သေချာပေါက် နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မှန်မှန်ကန်ကန် ယှဉ်ပြိုင်လိုတယ်ဆိုရင် မျှတအောင် လုပ်ပေးရမယ်။ အဲတော့ ဥက္ကဋ္ဌအနေနဲ့ ကျမနဲ့ ယှဉ်ပြိုင်ရဲတယ်ဆိုရင် ကျမ ၀င်ပြိုင်နိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို အားသွန်ခွန်စိုက် လုပ်ပေးရမယ်။ အဲလိုမလုပ်ပေးရင် အဲဒါက မှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ကျမက သတ်မှတ်ရမှာပဲ။”

သူရဦးရွေမန်းကလည်း လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တိုက်တွန်းတဲ့အတိုင်း အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင် ကြိုးစားပေးမယ်လို့ ကတိပြုဖြေဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားကြသူတွေဖြစ်ကြပြီး လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌနဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌတွေလည်း ဖြစ်ကြပါတယ်။

မျှော်လင့်မထားတဲ့ သူတို့နှစ်ဦးရဲ့ နှစ်နာရီကြာ ပူးတွဲရှင်းလင်းပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် အဓိက ပြိုင်ဆိုင်ကြမယ့် ပါတီနှစ်ခုလို့ အများက နားလည်ထားကြတာပါ။

ဘယ်လိုအစီအစဉ်နဲ့ ဒီလို သတင်းထောက်တွေကို ဖိတ်ကြားပြီး နှစ်နာရီကြာမြင့်တဲ့ အမေးအဖြေမေးခွန်းတွေကို အချိန်ပေးဖြေဆိုတယ်ဆိုတာကို မသိရပေမယ့် ဒီရှင်းလင်းပွဲမှာ နှစ်ဦးစလုံးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ တုံ့ပြန်ဖြေဆိုကြတာကို တွေ့ရပါတယ်။

သူရဦးရွှေမန်းကတော့  သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ယောက်စလုံးမှာ အင်အားနဲ့ ကောင်းတဲ့အရည်အချင်းကိုယ်စီရှိပြီး ပူးပေါင်းလုပ်မယ်ဆိုရင် နိုင်ငံအတွက် ကောင်းမှာဖြစ်ကြောင်း၊ တိုင်းပြည်အတွက်သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013