DVB Logo
Home
မြန်မာသတင်း
လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ဖမ်းထားသူများကို လွတ်ငြိမ်းခွင့် ပေးရန် တောင်းဆို
DVB
·
July 19, 2013
လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ဖမ်းထားသူများကို လွတ်ငြိမ်းခွင့် ပေးရန် တောင်းဆို
Donate to DVB

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ စစ်တပ် အရာရှိဟောင်းနဲ့ အကျဉ်းသားတချို့ကို နိုင်ငံသားအကျဉ်းသားအဖြစ် အသိအမှတ်ပြုပြီး လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းပေးဖို့  အာရှ လူ့အခွင့်အရေးကော်မရှင် (AHRC)က တောင်းဆိုလိုက်ပါတယ်။

၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်ကြီး ဦးရွှေမန်းရဲ့ မြောက်ကိုးရီးယား နိုင်ငံခရီးစဉ် ပေါက်ကြားမှုနဲ့ ၁၉၅၀ အရေးပေါ် စီမံချက် ဥပဒေနဲ့ စွပ်စွဲဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရတဲ့ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်၊ နိုင်ငံခြားရေး ဌာနက ၀န်ထမ်း ဦးသူရကျော်၊ ဦးဗျန်စိန်၊ ၂၀၁၁ ခုနှစ်က စစ်ရေးဆိုင်ရာ အချက်အလက်တွေကို အင်တာနက်ကို တင်ခဲ့တဲ့ လေတပ်က ဗိုလ်ကြီး နေလင်း ဒွေး၊ ၂၀၁၂-၁၃မှာ ရခိုင်ပြည်နယ် အဓိကရုဏ်းကိုလှုံဆော်ခဲ့တယ်ဆိုပြီး စွဲချက်ဖမ်းဆီးခံရတဲ့ ဒေါက်တာ ထွန်းအောင်တို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။



[caption id="attachment_14733" align="alignleft" width="300" caption="ဦး​မင်း​လွင်ဦး​"][/caption]

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှာပါဝင်တဲ့ အဖွဲ့အစည်းတချို့က သူတို့တွေကိုလည်း နိုင်ငံရေး အကျဉ်းသားအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုတာကို သဘောမတူခဲ့တဲ့အတွက် အခုလို တောင်းဆိုရတာလို့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။


“သူရဦးရွှေမန်းကိုယ်တိုင်က သမ္မတအိုဘားမား မြန်မာပြည်လာတဲ့အချိန်မှာ၊ နောက်ပြီး အီးယူအစိုးရတွေနဲ့ တွေ့တဲ့အချိန်မှာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယားစီမံကိန်းကို ဆက်မလုပ်တော့ပါဘူးဆိုတာ ကတိပေးခဲ့တယ်လို့ ကျနော်တို့ သိရတယ်။ ဒါကြောင့် ဦးဝင်းနိုင်ကျော်တို့ကို အပြစ်ပေးထားတာတွေက နိုင်ငံရေးပြစ်မှုတွေနဲ့ အပြစ်ပေးထားတာ ဖြစ်တဲ့အတွက် လွတ်ငြိမ်းပေးတဲ့အခါမှာ ပြန်လည်ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျနော်တို့ အကြံပြုတင်ပြထားတာ ဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်က ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ အကျဉ်းသားတွေ အကျဉ်းထောင်အတွင်း ဒီနှစ်အကုန်မှာ မရှိစေရလို့ ပြောဆိုလိုက်တာကို AHRC က ကြိုဆိုလိုက်ပါတယ်။

ဒါ့အပြင်ကော်မတီက အကျဉ်းသားကိစ္စတွေ ပြန်လည်သုံးသပ်ရာမှာ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ဖို့ ဒါအပြင် ၂၀၁၂-၁၃ ခုနှစ်မှာ အပြစ်ပေးခံရပြီး တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ အမှုတွေကိုလည်း သုံးသပ်ပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013