DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ ကံတင်ဘီးလင်းဆည်အတွင်း အိမ်ခြေ ၂၈၀ ကျော် စားဝတ်နေရေး အခက်အခဲကြုံနေ
DVB
·
October 17, 2020
ကိုဗစ်ကာလ ကံတင်ဘီးလင်းဆည်အတွင်း အိမ်ခြေ ၂၈၀ ကျော် စားဝတ်နေရေး အခက်အခဲကြုံနေ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အတွင်း နေထိုင်တဲ့ အိမ်ခြေ ၂၈၀ ကျော်က လူဦး‌ရေ ၁၇၀၀ ကျော်ဟာ ကိုဗစ်-၁၉ ကာလ အလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေကြတယ်လို့ သိရပါတယ်။

ဆည်အတွင်း နေထိုင်သူတွေထဲမှာ ၂၀၀၈ နာဂစ်ဖြစ်ပြီး ဧရာဝတီတိုင်းဘက်က ရွှေ့ပြောင်းလာကြတဲ့သူတွေ များတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကာလ လက်ရှိမှာ အလုပ်အကိုင်လည်း မရှိကြသလို ထောက်ပံ့ကြေးငွေ မရရှိတာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေကြတာလို့ ရပ်မိရပ်ဖ ဦးအေးကြိုင်က ပြောပါတယ်။ 

ကံတင်ဘီးလင်းဆည် ဧရိယာအတွင်း နေထိုင်တဲ့ ဦးမိုးကြီးက “ကိုဗစ်ကာလအတွင်း အလုပ်တွေလည်း ထွက်မလုပ်ရ၊ ထောက်ပံ့ကြေးငွေ‌တွေလည်း မရရှိဘဲ မိသားစု ၇ ယောက်နဲ့ ထမင်းမစားရတဲ့ ရက်တွေတောင်ရှိတယ်” လို့ ပြောပါတယ်။

ဆည်ဧရိယာအတွင်းနေထိုင်တဲ့ ဒေါ်ပူစူးကလည်း အလုပ်ထွက်မလုပ်ရတာကြောင့် စားဝတ်နေရေး အရမ်းဒုက္ခရောက်နေတယ်လို့ ပြောပါတယ်။

ဆည်အတွင်း နေသူတွေ စားဝတ်နေရး အခက်အခဲကြုံနေတာနဲ့ ပတ်သက်ပြီး ကျွဲမကိုင်းအုပ်ချုပ်ရေးမှူး ဦးစော်ထူးလွယ်က “ကျနော့်အုပ်စုအပိုင်လည်း မဟုတ်ဘူး၊ ပြီးတော့ သူ့တို့တွေက ကျူးကျော်လာနေကြတာဖြစ်ပြီး မှတ်ပုံတင်တွေ၊ အိမ်ထောင်စုစာရင်းတွေလည်း မရှိကြဘူးဆိုတော့ ကျနော်က စာရင်းတင်ပြ မရပါဘူး” လို့ ပြောပါတယ်။

မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က “ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တင်ပြတဲ့ အခြေခံလူတန်းစား စာရင်းအတိုင်း ထုတ်ပေးတာပဲရှိပြီး ဆည်ထဲကလူတွေ စာရင်းပါမပါ မသိရဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013