DVB Logo
Home
မြန်မာသတင်း
အဆိုတော် စိန်လွင် သီချင်း “အင်းလျားကန်က ဖိနပ်တစ်ရံ” ကို ထွန်းနောင်ဆင့် ပြန်လည်သီဆို (ရုပ်သံ)
DVB
·
October 17, 2020
အဆိုတော် စိန်လွင် သီချင်း “အင်းလျားကန်က ဖိနပ်တစ်ရံ” ကို ထွန်းနောင်ဆင့် ပြန်လည်သီဆို (ရုပ်သံ)
Donate to DVB

“မောင်လာပါ သူခေါ်ပြီးချိန်းတာ… ကိုယ်လာခဲ့မိတာ… သီလာမြကျွန်းတနေရာ… ကြံရည်ရောင်ဖိနပ်လေးတဖက်ဟာ ကန်ရေရဲ့အစပ်မှာ ကိုယ်မြင်မိခဲ့လေတာ… ရင်ထဲခုန်စရာအဖြစ်ကြုံလာ… ကိုယ့်ချစ်သူဖိနပ်ဆိုတာ သိမိတော့… ကိုယ်ဟာ ကမ်းစပ်မှာရှာ”

ဒါကတော့ တချိန်က နာမည်ကြီး အဆိုတော် စိန်လွင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “အင်း လျားကန်က ဖိနပ်တစ်ရံ”အမည်ရတဲ့ သီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

တက္ကသိုလ်မောင်စိမ်းသူ ရေးသားခဲ့ပြီး စိန်လွင်ရဲ့ သီဆိုဟန်နဲ့ တက္ကသိုလ်အမှတ်တရ သီချင်းတွေကြား ထင်ရှားတဲ့ ဒီသီချင်းကိုတော့ လူငယ်မျိုးဆက်သစ်အဆိုတော် ထွန်းနောင်ဆင့်ရဲ့ ဆန်းသစ်သီဆိုဟန်နဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်ဂီတဖျော်ဖြေပွဲမှာ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ထွန်းနောင်ဆင့်ကိုတော့ ပရိသတ်တွေက The X Factor Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Winner တယောက်အနေနဲ့ သိကြပြီးဖြစ်မှာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့တဲ့ အဲဒီပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီးတဲ့နောက် ကျားပေါက်ရေးစပ်ထားပြီး သူသီဆိုတဲ့ “ကြွေ”သီချင်းကလည်း အားလုံးကို သတိထားမိစေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဝါသနာပါရာ ဂီတအနုပညာလမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းရင်း တကိုယ်တော်သီချင်းတွေ၊ အတွဲတေးသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုနေတာဖြစ်ပြီး စီးပွားရေးကြော်ငြာတွေ၊ ရုပ်သံစီးရီးစ်တွေမှာပါ ပါဝင်သရုပ်ဆောင်တာ တွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ခုတခါမှာတော့ အဆိုတော် စိန်လွင်ရဲ့ “အင်းလျားကန်က ဖိနပ်တစ်ရံ”သီချင်းကို ထွန်းနောင်ဆင့်ရဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့ သီဆိုထားပါတယ်။

“အချစ်ကလေးဘယ်မှာ သိချင်လာ… တစ်ဒသမငါး အမည်ပါ… ကားတစ်စီးက ညင်သာ ဖြတ်လို့ နှင်ခွာ… ကန်ရေပြင် ကြည်ကြည်စိမ်းနံဘေးမှာ… ခြေစုံရပ်မိကာ ရင်မှာ မေးခွန်းတွေဖြာ… ကြံရည်ရောင် ဖိနပ်လေးတဖက်ဟာ… သူပိုင်တဲဥစ္စာ ကိုယ်သိထားတော့ငိုစရာ”

ဒီဂီတဖျော်ဖြေပွဲမှာတော့ တေးသီချင်းအပုဒ် ၁၀၀ ကို အပတ်စဉ် သောကြာနေ့ည သတင်းအပြီး ည ၉ နာရီအချိန်မှာ ထုတ်လွှင့်ပေးသွားမှာဖြစ်ကာ မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊အောင်နိုင်၊ ဟေမာနေဝင်းတို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦး စတဲ့ တေးသံရှင်တွေက တက္ကသိုလ်ဖွဲ့ အမှတ်တရ သီချင်းတွေနဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013