DVB Logo
Home
မြန်မာသတင်း
ရမ်ဒက်ဆီဗီယာဆေး ကိုဗစ်သေဆုံးနှုန်းကို မလျှော့ချနိုင်ဟု WHO ကြေညာ 
DVB
·
October 16, 2020
ရမ်ဒက်ဆီဗီယာဆေး ကိုဗစ်သေဆုံးနှုန်းကို မလျှော့ချနိုင်ဟု WHO ကြေညာ 
Donate to DVB

လေ့လာချက်အသစ်အရ  ကိုဗစ်လူနာတွေ ကုသရာမှာ သုံးတဲ့ ရမ်ဒက်ဆီဗီယာ (remdesivir) ဆေးဟာ သေဆုံးနှုန်းနဲ့ ဆေးရုံတက်ကာလကို မလျှော့ချဘူးလို့ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ (WHO) က  အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ 

WHO က လုပ်တဲ့လက်တွေ့စမ်းသပ်အရ ဂီးလီးယက်ဆိုင်းရန့်စ် ကုမ္ပဏီထုတ် ရမ်ဒက်ဆီဗီ ယာဆေးဟာ ကိုဗစ်လူနာတွေရဲ့ ဆေးရုံတက်ကာလနဲ့ အသက်ရှင်အခွင့်အလမ်းပေါ်မှာ သက်ရောက်မှု မရှိတာကို တွေ့ရပါတယ်။ 

 ဒါဟာ အလားအလာရှိ ကိုဗစ်ကုသဆေး ၄ မျိုးရဲ့ သက်ရောက်မှုတွေကို WHO ရဲ့  "Solidarity" trial  လက်တွေ့ စမ်းသပ်မှုလုပ်ရာကနေ ရရှိတဲ့ အဖြေပဲ ဖြစ်ပါတယ်။ 

 အရေးပေါ် အခြေအနေမှာ ရမ်ဒက်ဆီဗီယာ ဆေးသုံးခွင့်ကို အမေရိကန် FDA အဖွဲ့ က မေ ၁ ရက်မှာ ခွင့်ပြုခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း နိုင်ငံအတော်များများမှာ ရမ်ဒက်ဆီဗီယာ ဆေးသုံးခွင့်ပေးထားပါတယ်။ ရမ်ဒက်ဆီဗီယာဆေးဟာ ကိုဗစ်ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ထရမ့်ကို မကြာခင်က ထိုးပေး ခဲ့တဲ့ ဆေးတွေထဲက တမျိုးဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013