DVB Logo
Home
မြန်မာသတင်း
မန္တလေးက ကိုဗစ်-၁၉ လူနာတင် ပရဟိတမော်တော်ယာဉ်များ ဆီလိုအပ်နေ
DVB
·
October 16, 2020
မန္တလေးက ကိုဗစ်-၁၉ လူနာတင် ပရဟိတမော်တော်ယာဉ်များ ဆီလိုအပ်နေ
Donate to DVB

မန္တလေးမြို့က ပရဟိတအသင်းတွေအနေနဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ Quarantine ၀င်ရမယ့်သူတွေကို နေ့စဉ်လိုက်လံ ပို့ဆောင်ပေးနေရာမှာ အသင်းတွေရဲ့ ရန်ပုံငွေနဲ့ လည်ပတ်ခဲ့ပေမယ့် ကိုဗစ်ကာလ ကြာမြင့်လာပြီဖြစ်တာကြောင့် မော်တော်ယာဉ်ဆီ လိုအပ်မှုတွေ ရှိလာတယ်လို့ ပရဟိတအသင်းတွေက သိရပါတယ်။

ပရဟိတအသင်းတွေအနေနဲ့ တစ်နေ့ကို  အခေါက်ရေ ၁၀ ကြောင်းလောက်အထိ လူနာ လိုက်လံပို့ဆောင်ပေး နေရတာဖြစ်တာကြောင့် တစ်ရက်ကို ဓာတ်ဆီ ၁၅ ဂါလံလောက်အထိ ကုန်ကျစရိတ်ရှိနေတယ်လို့ မန္တလေးက ပရဟိတ အသင်းတစ်ခုက သိရပါတယ်။

မန္တလေးမြို့က ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်း M.Rescue အသင်းခေါင်းဆောင် ပရဟိတမင်းခေါင်က “ကျနော်တို့မှာ  ဆီကျတော့တော်တော်လေးခက်ခဲတယ်။ ဘယ်လိုဖြေရှင်းရလဲဆိုရင် အလှူရှင်ရှာရတော့တာပေါ့။ အလှူရှင်တွေ အခုပထမကတော့ အစ်ကိုတို့ ရုံးက ရန်ပုံငွေနဲ့ပေါ့၊ ရန်ပုံငွေကလည်း အခုချိန်မှာ မရှိသလောက်ဖြစ်သွားပြီလေ။ ဆိုတော့ အခု အလှူငွေပေါ့ အခု အစ်ကိုတို့မြို့မှာကျတော့ Positive အဓိက တစ်မြို့လုံးမှာ တိုင်းကျန်းမာနဲ့ တိုင်းဒေသကြီးအစိုးရက အစ်ကိုတို့ကို အကူအညီတောင်းတာပေါ့ အကူအညီတောင်းတဲ့ အခါကျတော့ အဲ့ဒီ Positiveတွေသယ်ရတာပေါ့”လို့ ပြောပါတယ်။

အသင်းအနေနဲ့ ကိုဗစ်ကာလ အစပိုင်းဖြစ်တဲ့လွန်ခဲ့တဲ့ ၇ လ လောက်ကတည်းက လုပ်ကိုင်နေရာမှာ ပရဟိတအသင်းတွေအတွက် နိုင်ငံတော်က ထောက်ပံ့ငွေ ကျပ် ၂ သိန်းကျော်လောက်သာရရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ ပရဟိတအသင်းပေါင်း ၂၆ သင်းရှိပြီး သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေ ကတော့ PPE ၀တ်စုံနဲ့ Mask တွေ  အလှူခံပေးတယ်လို့သိရပါတယ်။

“အခုလုပ်လာတာ ပြည်တော်ပြန်တွေစတွေ့ကတည်းက ကျနော်တို့ တစ်ဖွဲ့ပဲရှိတယ်လေ။ ပြည်တော်ပြန်တွေကြိုပို့တာ ၇ လ ကျော်သွားပြီပေါ့။ အဲ့ဒီ ၇ လ ကျော်တဲ့ထဲမှာ နိုင်ငံတော်က နေပြီးတော့ ကျနော်တို့ကိုထောက်ပံ့တာဆိုလို့ ကျနော်တို့ နောက်မှာရှိတဲ့ အသင်း ၂၆သင်းကို ၂သိန်းကျော်ပဲရဖူးတယ်။ အဲ့ဒီ ၇ လမှာလေ အခုကျတော့ ပိုဆိုးသွားတာဗျ “လို့ပရဟိတ မင်းခေါင် ကပြောပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ ပရဟိတအသင်းတွေရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ တွေကနေ တစ်ဆင့် ဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ပြီးလှူဒါန်းနိုင်တယ်လို့ လည်း သိရပါတယ်။

သတင်း- ခင်ပြည့်စုံဝင်း

ဓာတ်ပုံ- ပရဟိတမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013