DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတံခွန်မြို့နယ်ရှိ  UAB ဘဏ်ခွဲ ဓားပြတိုက်ခံရ 
DVB
·
October 15, 2020
ပြည်ကြီးတံခွန်မြို့နယ်ရှိ  UAB ဘဏ်ခွဲ ဓားပြတိုက်ခံရ 
1 / 5
Donate to DVB

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊  ၆၂ လမ်း ၁၃၁ လမ်းထောင့်ရှိ UAB ဘဏ်ခွဲမှာ  အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီကျော်အချိန်က ဓားပြတိုက်ခံရပါတယ်။

ကျူးလွန်သူဟာ ဘဏ်ကိုကားနဲ့ လာရောက်ကာ သေနတ်ပြခြိမ်းခြောက်လုယက်တာဖြစ်ပြီး တစ်ယောက်တည်းဖြစ်တယ်လို့ ပတ်ဝန်းကျင် က ပြောဆိုကြပါတယ် ။ သတင်းအတိအကျကိုတော့ ရဲတပ်ဖွဲ့ က ထုတ်ပြန်တာမရှိသေးပါဘူး။

အဆိုပါ ဘဏ်ဓားပြတိုက်မှုမှာ  ဘဏ်ကနေ  ငွေကျပ် သိန်း ၂၀၀ လောက်ပါသွားပြီး ဓားပြတိုက်သူဟာ သူမောင်းလာတဲ့ကားကို  ပြည်ကြီးတံခွန်မြို့နယ် (၆၉/A)လမ်း၊ မြဝတီမင်းကြီးလမ်းနဲ့ ကနောင်မင်းသားကြီးလမ်းကြားမှာ မီးရှို့ထားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ကနဦးသိရပြီး ရဲတပ်ဖွဲ့က ဘဏ်အနီးမှာ လုံခြုံရေးချထားကာ စစ်ဆေးနေပါတယ်။

သတင်း - နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013