DVB Logo
Home
မြန်မာသတင်း
တောင်သူများအပေါ် ပြစ်ဒဏ်ထပ်တိုးရန် တပ်မတော်က လျှောက်ထားသည့်အမှု ပလပ်ခံရ
DVB
·
October 15, 2020
တောင်သူများအပေါ် ပြစ်ဒဏ်ထပ်တိုးရန် တပ်မတော်က လျှောက်ထားသည့်အမှု ပလပ်ခံရ
Donate to DVB

မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ကရင်နီတောင်သူတွေပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးဖို့ တပ်မတော်က ပြင်ဆင်ချက် လျှောက်ထားမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်တရားလွှတ်တော်က ဒီကနေ့ ပလပ်လိုက်ပါတယ်။

တပ်မတော် အမြောက်တပ်ရင်း အမတ အမှတ် (၃၆၀) ကနေ တရားစွဲဆိုထားတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူ ၁၇ ဦးအမှုတို့ကို ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်လိုက်တာမှာ ချုပ်ရက်နဲ့ ပြန်လွတ်လာခဲ့ပြီး  စစ်တပ်ဘက်က မကျေနပ်လို့ တရားရုံးမှာ ပြန်လည် ပြင်ဆင်ချက်တက်တာ ဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်နဲ့ပတ်သက်လို့ ခရိုင်တရားရုံးကိုတက်ရာမှာခရိုင်က ပလပ်လိုက်သလို ပြည်နယ်တရားလွှတ်တော်မှာ ထပ်မံလျှောက်ထားခဲ့ရာမှာလည်း ဒီကနေ့ နောက်ဆုံးအမိန့်ချရာမှာ လည်း ပလပ်လိုက်တာလို့ တောင်သူတွေရဲ့ရှေ့နေ ဦးစောခူးတလေက ပြောပါတယ်။  

“အမှုက ၆ မှုရှိမယ်။ ၄၄၇ နဲ့က ၄ မှု၊ နောက် ၆၁ နဲ့က ၂ မှု၊ အဓိကကတော့ ဒီ မူလတရားရုံးက ချမှတ်တဲ့အမိန့်က တရားစီရင်ရေးကို တော်တော်ယိမ်းယိုင်စေတဲ့ အခြေအနေအထိမရှိဘူးပေါ့။ အဲဒါကြောင့်မို့ ဝင်ရောက်ပြီးမှ စွက်ဖက်ဖို့ မသင့်ဘူးဆိုပြီးတော့ အဲလို သုံးသပ်ပြီးတော့မှ စီရင်ချက်ချလိုက်တာ။”

ဒီအမှုနဲ့ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်ကနေပြီး အခုလို အမိန့်ချမှတ်လိုက်တာဟာ မှန်ကန်သင့်မြတ် ကြောင်းလည်း ဦးစောခူးတလေက ပြောပါတယ်။

“ဒီအမှုအပေါ်မှာကတော့ ပြည်နယ်တရားလွှတ်တော်ကနေပြီးမှ မှန်မှန်ကန်ကန် တောင်သူကို ရပ်တည်ပေးတယ်လို့ ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ တဖက်က တရားလိုရဲ့ မကျေနပ်လို့ တက်တဲ့အပေါ်မှာက အဓိက သူတို့စွပ်စွဲတဲ့အချက်တွေက မသင့်လျှော်ဘူးဆိုတဲ့အကြောင်းပေါ့။ ဒီပြည်နယ်တရားလွှတ်တော်က ဥပဒေအတိုင်း မားမားမတ်မတ်ရပ်တည်ပေးတယ်ဆိုတဲ့ အခြေအနေမျိုးတော့ ရှိတာပေါ့။ ”

မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး လွိုင်ကော်အခြေစိုက် အမြောက်တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့ကလည်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ၃ ဦးအပါအဝင် တောင်သူ ၁၈ ပေါ် နောက်ထပ် ပြစ်ဒဏ်ထပ်တိုးချမှတ်ပေးဖို့  တပ်မတော်က လျှောက်ထားတဲ့အမှုနဲ့ ပတ်သက်လို့ ကယားပြည်နယ်တရားရုံးက ဩဂုတ် ၁၄ ရက်က ပလပ်ခဲ့ပါတယ်။

လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူပေါင်း ၄၁ ဦး ရှိပါတယ်။

Photo- Karenni State Farmer Union

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013