DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများကို သွေးဖောက်စစ်ဆေးခဲ့သည့် အထည်ချုပ်စက်ရုံတာဝန်ခံ သတိပေးခံရ 
DVB
·
October 14, 2020
အလုပ်သမားများကို သွေးဖောက်စစ်ဆေးခဲ့သည့် အထည်ချုပ်စက်ရုံတာဝန်ခံ သတိပေးခံရ 
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စိုက်ဖုံအင်တာနေရှင်နယ် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ကို  Test Kit ပုံစံစက်တွေနဲ့  သွေးဖောက်စစ်ဆေးခဲ့တဲ့ စက်ရုံ တာဝန်ရှိသူကို ကျန်းမာရေးဌာနက ခံဝန်ထိုးခိုင်းခဲ့တယ်လို့ လှိုင်သာယာမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြူကြူသင်းက ပြောပါတယ်။

လှိုင်သာယာပြည်သူ့ဆေးရုံအုပ်ကြီးရုံးခန်းမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံတာဝန်ရှိသူကို ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့ကာ နောက်ထပ်ဒီလိုစစ်ဆေးမှုတွေပြုလုပ်ရင် ဥပဒေအရအရေးယူမှာဖြစ်ကြောင်း အသိပေးခဲ့တယ်လို့ဆိုပါတယ်။

"သူတို့ကိုယ်ပိုင်ထုတ်Test Kit တွေနဲ့စစ်ဆေးတာက ဒီနိုင်ငံမှာ တရားဝင်ခွင့်ပြုထားခြင်း မရှိပေမဲ့ နောင်တစ်ချိန်မှာ အသုံးဝင်မလာနိုင်ဘူးလို့လည်းမပြောပါဘူး။ သွေးဖောက်ပြီးစစ်ရတာ မဟုတ်ဘဲ အာခေါင်၊ တို့ဖတ်ယူပြီး စစ်ရတာပါ။ အလုပ်သမားတွေက ကိုဗစ်နဲ့ပတ်သတ်တဲ့ လက္ခဏာတစ်စုံတစ်ရာပြသမှုမရှိဘဲ စစ်ဆေးခဲ့ပြီး အလုပ်သမား ၁၆၀ ကျော်မှာ ပိုးတွေ့တယ်လို့ အတည်ယူပြီး အိမ်ပြန်လွှတ်ခဲ့ကြတယ် "လို့ ဒေါက်တာကြူကြူသင်းက ပြောပါတယ်။

မြန်မာနိုင်ငံ အထ​ည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း "ကိုဗစ်နဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသာ တာဝန်ယူဆောင်ရွက်နေပြီး ပုဂ္ဂလိကစက်ရုံ၊ လုပ်ငန်းများကို မိမိအစီအစဉ်နဲ့  တရားဝင်စစ်ခိုင်းထားခြင်းမရှိတဲ့အတွက် ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရနိုင်တယ်လို့" ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက အခုလို လူစုလူဝေးနဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အပေါ် စိုးရိမ်မှုတွေရှိတဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာန တွေကို အကြောင်းကြားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်။

သတင်း - အိသဇင်ခိုင်၊ 

ဓာတ်ပုံ - CtumMyanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013