Home
မြန်မာသတင်း
ရှမ်းပြည်​နယ်​မြောက်ပိုင်း၌ ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့၊ မဲရုံတာဝန်ကျ ဆရာမ ၁ ဦးပါဝင်
DVB
·
October 14, 2020
121193593_3637140116336271_1096966634607602202_n
musel
ရှမ်းပြည်​နယ်​မြောက်ပိုင်း၊ ​​ကျောက်မဲမြို့နယ်မှာ မဲရုံ တာဝန်ထမ်း​ဆောင်ဖို့ ကွာရန်တင်း ဝင်​​နေတဲ့ ပညာ​ရေးဝန်ထမ်း ၁ ဦးမှာ  ​အောက်တိုဘာ ၁၂ ရက်​နေ့က ကိုဗစ်-၁၉  ပိုး​တွေ့ရှိခဲ့​ကြောင်း ​ကျောက်မဲ ကိုဗစ်​-၁၉ ကာကွယ်ထိန်းချုပ်ကုသ​ရေးအဖွဲ့ကနေ သိရပါတယ်။ ကျောက်မဲမြို့က ပိုးတွေ့လူနာဟာ ၂၀၂၀ ရွေးကောက်ပွဲကာလ  မဲရုံမှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာတဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ အလားတူ မူဆယ် ၁၀၅ မိုင်​ ကုန်တင်ယာဉ်တွေ ဆေးစစ်တဲ့နေရာမှာလည်း  ကုန်တင်ယာဉ်မောင်း  ၁ ဦးနဲ့ ယာဉ်နောက်လိုက် ၁ ဦးတို့ထံမှာလည်း ​အောက်တိုဘာ ၁၂ ရက်​နေ့က ကိုဗစ်-၁၉  ပိုး​တွေ့ခဲ့​ကြောင်း မူဆယ်ကရုနာလူမှုကူညီ​ရေးအသင်း ဥက္ကဋ္ဌ ဦး​သောင်းထွန်းက ဒီဗွီဘီကို ​ပြောပါတယ်။ မူဆယ်မြို့က ပိုးတွေ့လူနာသစ် တွဲကားယာဉ်မောင်းဟာ  ကုန်တင်ပြီး ပြန်အဆင်း (၁၀၅)မိုင်မှာ စစ်ဆေးချိန် ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာမှာ နေထိုင်သူဖြစ်​ပါတယ်။ ပိုးတွေ့လူနာသစ် ယာဉ်နောက်လိုက်တစ်ဦးကလည်း  ကုန်တင်ပြီး ပြန်အဆင်း (၁၀၅)မိုင်မှာ စစ်ဆေးချိန် ပိုးတွေ့ရှိရတာဖြစ်ပြီး မန္တလေးမြို့ မြရည်နန္ဒာမှာ နေထိုင်သူဖြစ်​ကြောင်း သိရပါတယ်။ ရှမ်း​ပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၁၂ ရက်​က ကိုဗစ်-၁၉ ပိုး​တွေ့လူနာ ၃ ဦးထပ်မံ​တွေ့ရှိပြီး လက်ရှိအချိန်အိ  ​ပိုး​တွေ့လူနာ ​နောင်ချိုမှာ ၂ ဦး၊ ​ကျောက်မဲမှာ  ၂ ဦး၊ မူဆယ်မှာ ၈ ဦး စုစု​ပေါင်း ပိုး​တွေ့ လူနာ ၁၂ ဦး ရှိပြီးသက်ဆိုင်ရာ မြို့အသီးသီးမှ ခရိုင်​ဆေးရုံတွေမှာ ​ဆေးကုသမှုခံယူ​နေကြကာ အားလုံးကျန်းမာ​ရေး အ​ခြေအ​နေ ​ကောင်းမွန်တယ်လို့ သိရပါတယ်။ သတင်း- Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024