DVB Logo
Home
Lead Story
The Voice Myanmar Winnerဆုရှင် ငွေစိုးနှင့် Season 3 ပြိုင်ပွဲဝင် ဇာနည် သီဆိုထားသည့် “သတိ”သီချင်း(ရုပ်သံ)
DVB
·
October 14, 2020
The Voice Myanmar Winnerဆုရှင် ငွေစိုးနှင့် Season 3 ပြိုင်ပွဲဝင် ဇာနည် သီဆိုထားသည့် “သတိ”သီချင်း(ရုပ်သံ)
Donate to DVB

The Voice Myanmar Season 1 ရဲ့ Winner ဆုရှင် ငွေစိုးနဲ့ လက်ရှိ ကျင်းပနေတဲ့ Season 3 ပြိုင်ပွဲဝင် ဇာနည်တို့ အတူသီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာပါတယ်။

“သတိ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဇာနည်က ကိုယ်တိုင်ရေးစပ်ထားခဲ့တာ ဖြစ်ပြီး လတ်တလော ကိုဗစ်-၁၉ ကပ်ဘေးကာလ ကျန်းမာရေးအသိပညာ သတိပေးစာသားတွေနဲ့ ထင်ဟပ်နေခဲ့တာ ဖြစ်ပါတယ်။

“ပျော်သလိုနေနိုင်ဖို့… လောကအကျိုးသယ်ပိုးနိုင်ဖို့… ကျန်းမာဖို့ လိုတယ်… ဒီရောဂါဆိုး… ဒုက္ခမပေးနိုင်အောင်လို့… အိမ်ထဲမှာပဲ နေပါ… ကိုယ့်ပတ်ဝန်းကျင်နဲ့… ချစ်ခင်ရသူတွေအတွက်… အိုး… စည်းကမ်းလိုက်နာ သေချာ စောင့်ထိန်းပါ”

မန္တလေးမြို့ဇာတိဖြစ်တဲ့ တေးသံရှင် ငွေစိုးဟာ မြန်မာနိုင်ငံမှာ ပထမအကြိမ်အဖြစ် ကျင်းပခဲ့တဲ့ The Voice Myanmar Season 1 ရဲ့ Winner ဆုကို ရရှိခဲ့သူဖြစ်ပြီး သေသပ်တဲ့ သီဆိုဟန်ကြောင့် ပရိသတ်တွေ အားပေးမှု ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။

ဒိုင်တွေဖြစ်ကြတဲ့ အဆိုတော် လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော် တို့ရဲ့ နည်းပြပေးမှုတွေနဲ့ တဆင့်ချင်းတက်လာခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲမှာတော့ ငွေစိုးက “ရာဇဝင်များရဲ့ သတို့သမီး”သီချင်းနဲ့ ယှဉ်ပြိုင်ကာ Winner ဆုရရှိသွားခဲ့တာပါ။

ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့မှာတော့ “ဂီတသစ်ပင်”လို့ အမည်ပေးထားတဲ့ ငွေစိုးရဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိထားခဲ့ပြီး အဲဒီတေးအယ်လ်ဘမ်ထဲက “မျက်ရည်လွယ်သောချစ်လူမိုက်” သီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

မနှစ်က ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိခဲ့ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိ တာပါ။

မနှစ်က Season 2 မှာတော့ ကျားပေါက်၊ R.ဇာနည်၊ ရန်ရန်ချန်းနဲ့ နီနီခင်ဇော် တို့က Coach တွေအနေနဲ့ ပါဝင်ခဲ့ကြပြီး ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ် သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသားပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသားပြိုင်ပွဲဝင် Winner တယောက် ဖြစ်လာခဲ့တာပါ။

ဇာနည်ကတော့ လတ်တလော ကျင်းပနေတဲ့ The Voice Myanmar Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်ပါတယ်။

သူကလည်း မန္တလေးမြို့သား ပြိုင်ပွဲဝင်တယောက်ဖြစ်ပြီး Blind Audition မှာတော့ အဆိုတော် သာဒီးလူရဲ့ “လိုသလိုသုံး”သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကာ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် Battle Round အဆင့်မှာတော့ အဖွဲ့ထဲက ဇော်ခွန်နဲ့ လေးဖြူ သီဆိုထားတဲ့ “ငါ့ရဲ့လမင်း”သီချင်းနဲ့ သီဆိုပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

       သီချင်းအဆုံးမှာတော့ နီနီခင်ဇော်က ဇော်ခွန်ကို ရွေးချယ်ခဲ့တာကို နှုတ်ဆက်အိမ် ပြန်ရမလို ဖြစ်ခဲ့ချိန်မှာ နောက်ထပ် Coach တယောက်ဖြစ်တဲ့ R. ဇာနည်က Steal လုပ်ခဲ့ တာမို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“ပေါ့မနေနဲ့… လျှော့မတွက်နဲ့… သတိနဲ့စား… အသိနဲ့သွား… Covid-19 ဆိုတာ … တကယ် ကြောက်စရာ… တို့ကမ္ဘာကြီး အမြန်ကျန်းမာဖို့… တယောက်စီတိုင်း စောင့် ထိန်းပါစို့… အဝေးထွက်သွားပါကွာ… ဒီရောဂါ… လက်ကို စနစ်တကျဆေး… အပြင် သွားရင် Mask ကိုတပ်… ကျန်းမာဖို့ လိုက်နာပါ… ကုသဖို့ဆိုတာထက်… ထိရောက် အ ရေးပါဆုံးအရာဟာ… ကာကွယ်နိုင်ခြင်းပါ”

ခုလတ်တလော ငွေစိုးနဲ့ ဇာနည်တို့ရဲ့ “သတိ”သီချင်းကိုတော့ အွန်လိုင်းဂီတပ လက်ဖောင်းတခုဖြစ်တဲ့ Joox ကတဆင့် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013