DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁,၃၄၄ ယောက်တွင် ကြည့်မြင်တိုင်မြို့နယ်က ၁၇၀ ဦးပါဝင်
DVB
·
October 13, 2020
ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁,၃၄၄ ယောက်တွင် ကြည့်မြင်တိုင်မြို့နယ်က ၁၇၀ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၄၄ ယောက်ထဲမှာ  ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ၁၇၀ ယောက် ပါဝင်နေတယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ  ရန်ကုန်တိုင်းက ၁,၀၁၄ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ကြည့်မြင်တိုင်မြို့နယ်မှာ ၁၇၀ ယောက် ၊ အင်းစိန်မြို့နယ်မှာ ၁၁၁ ယောက်၊ မင်္ဂလာဒုံမြို့နယ်မှာ ၇၉ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၀ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၈  ခုမှာ ၂၉ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၁ ခုမှာ ၄၄ ယောက်၊ မွန် ပြည်နယ်မြို့နယ် ၂ ခုမှာ ၅ ယောက်၊ မကွေးတိုင်းမြို့နယ် ၉ ခုမှာ ၄၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၉ ခုမှာ ၄၀ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၃ ခုမှာ ၁၃၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၂ ခုမှာ ၁၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ နေပြည်တော်မြို့နယ် ၁ ခုမှာ ၁ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၁ ခုမှာ  ၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၄ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၉ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါအတည်ပြုလူနာ ၁,၃၄၄ ယောက်ထဲမှာ အနံ့မရရှိသူ ၁၆၉ ယောက်ပါဝင် နေတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၂ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉,၃၁၄ ယောက်၊ သေဆုံးသူ ၆၆၄ ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူ ၉၇၄၂ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၈ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၈ ဒသမ ၆ သန်း ကျော် ရှိ နေပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013