DVB Logo
Home
Lead Story
လီဆူတိုင်းရင်းသူ အဆိုတော် စီစီဖြူ သီချင်းသစ်-“အသက်ဝင်အိပ်မက်”(ရုပ်သံ)
DVB
·
October 13, 2020
လီဆူတိုင်းရင်းသူ အဆိုတော် စီစီဖြူ သီချင်းသစ်-“အသက်ဝင်အိပ်မက်”(ရုပ်သံ)
Donate to DVB

       “တယောက်တည်း မွန်းကြပ်မှုတွေကြား… တယောက်တည်း မင်း… အဆုံးသတ် တော့မလား… တယောက်တည်း ကဲ့ရဲ့မှုတွေကြား… တယောက်တည်း မင်း… နောက် လှည့်တော့မလား… ဟေး… ဒီလိုပဲပေါ့… လူ့လောကကြီးဟာ ဒီအတိုင်းပဲ… လူဖြစ်လာ ရခြင်းကြောင့်”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ အဆိုတော် စီစီဖြူရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       “အသက်ဝင်အိပ်မက်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဂျူဘာ က ရေးစပ်ပေးထားခဲ့တာ ဖြစ်ပြီး သီချင်းသစ်တွေ ထွက်မလာတာကြာပြီဖြစ်တဲ့ တချိန်က တေးသံရှင် စီစီဖြူရဲ့ သီဆိုဟန်နဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       လီဆူတိုင်းရင်းသူ အဆိုတော် စီစီဖြူဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်ကတည်း က ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သူဖြစ်ကာ အဆိုတော် N ဆိုင်းလီနဲ့ စုံတွဲတေးအယ်လ်ဘမ်ဖြစ်တဲ့ “ကျေးဇူးပဲသူငယ်ချင်း”ကတော့ သူ့ကို ပရိသတ်တွေ သိခဲ့ကြတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။

       အဲဒီတေးအယ်လ်ဘမ်ထဲက “အသစ်တွေ့တိုင်းအဟောင်းမေ့”၊ “မောင့်အနားရှိသူ မပါ”သီချင်းတွေကလည်း ထူးခြားတဲ့ စီစီဖြူရဲ့ အသံပါဝါနဲ့အတူ တချိန်က လူသိများခဲ့ပြီး အဆိုတော် စီယံ၊ ထွဏ်းခမ်၊ ညီရဲ၊ ထန်(မ်)ဘွိုင်း၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ဇမ်နူး၊ ကြိုးကြာတို့နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ “ချစ်တတ်သူတိုင်းရဲ့ရင်ခုန်သောနေ့” တေးအယ်လ် ဘမ် ကလည်း သူ့ကို ပရိသတ်တွေ သတိပြုမိစေခဲ့တာ ဖြစ်ပါတယ်။

       အဲဒီတေးအယ်လ်ဘမ်ထဲမှာတော့ စီစီဖြူက အဆိုတော် ထန်မ်ဘွိုင်းနဲ့ “ညီမျှခြင်း”၊ ညီရဲနဲ့ “ထာဝစဉ်” စုံတွဲသီချင်း ၂ ပုဒ်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

       နောက်ပိုင်းမှာတော့ စီစီဖြူဟာ အနုပညာလောကထဲကနေ အချိန် တော်တော်ကြာ ပျောက်သွားခဲ့ရာကနေ သိပ်မကြာခင်ကတော့ The Voice Myanmar Season 3 ရဲ့ ပြိုင်ပွဲ စင်မြင့်ထက်မှာ ပြန်လည်ပြီးတော့ ရောက်ရှိခဲ့တာကို တွေ့ရပါတယ်။

       Blind Audition အဆင့်မှာ စီစီဖြူက တေးရေး ကေအေတီရေးစပ်ပြီး တင်ဇာမော် သီဆိုထားခဲ့တဲ့ “ပိုချစ်နိုင်မလား”သီချင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် Coach တွေ တယောက်မှ လှည့်မကြည့်ခဲ့တာမို့ ဒီအဆင့်မှာတင် လက်ပြနှုတ်ဆက်ခဲ့ရကာ ပရိသတ်တွေကြားမှာ ပွဲဆူစေတဲ့ သီတင်းပတ် ဖြစ်ခဲ့ပါတယ်။

       အခုနှစ်ရဲ့ Season 3 မှာတော့ တခြားနာမည်ကြီး သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ Myanmar Idol ၊ The Best of Melody World ၊ အိပ်မက်ဆုံရာ ၊ The X Factor စတဲ့ ပြိုင် ပွဲအသီးသီးက ပြိုင်ပွဲဝင်တွေရော တေးအယ်လ်ဘမ်ထွက်ရှိခဲ့ပြီး အနုပညာလမ်းကြောင်း ပေါ် ရောက်ရှိခဲ့ပြီးနေသူတွေပါ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။

       စီစီဖြူရဲ့ Blind Audition အဆင့် ယှဉ်ပြိုင်မှုမှာ လက်ပြနှုတ်ဆက်ခဲ့ရပေမယ့် သူ့ ရဲ့ ပရိသတ်တွေကတော့ တကျော့ပြန် အားပေးမှုတွေ ရှိလာချိန်မှာ သီချင်းသစ်တပုဒ်နဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

       “အိပ်မက်အသက်သွင်းကာ မင်းပြန်ထ… မျှော်လင့်ချက်တွေပိုက်ကာ မင်းပြန် လျှောက်… တနေ့မှာ ရောက်လာမယ်… စိတ်တွေမလျှော့နဲ့ဦး... အိပ်မက်အသက်သွင်း ကာ မင်းပြန်ထ… မျှော်လင့်ချက်တွေပိုက်ကာ မင်းပြန်လျှောက်… တနေ့မှာ ဖြစ်လာ မယ်… ရှေ့ဆက်တိုးပါဦး”

       ဒီသီချင်းကိုတော့ အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox Myanmar မှာ Exclusive အနေနဲ့ ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013