DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က မျက်ပါးရွှေဆိုင်း ၁၅၀၀ ဝယ်ယူမည် 
DVB
·
October 12, 2020
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က မျက်ပါးရွှေဆိုင်း ၁၅၀၀ ဝယ်ယူမည် 
Donate to DVB

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ရွှေဆိုင်းလုပ်ငန်းတွေ ရပ်နားထားရလို့ အခက်အခဲရှိတဲ့အတွက် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က မျက်ပါးရွှေဆိုင်း စုစုပေါင်း ၁၅၀၀ ကို ဝယ်ယူသွားဖို့ရှိနေပါတယ်။

လုပ်ငန်းတွေရပ်နားထားရတာ ၆ လလောက် ကြာပြီဖြစ်တာကြောင့် ရွှေဆိုင်းလုပ်သားတွေနဲ့ ရွှေဆိုင်းလုပ်ငန်းရှင်တွေ အခက်အခဲတွေ ကြုံနေရတယ်လို့ ရွှေဆိုင်းအသင်းတခုက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆီကို တင်ပြခဲ့ပါတယ်။

ဒါကြောင့် ဝန်ကြီးဌာနကလည်း သက်ဆိုင်ရာဂေါပက အဖွဲ့တွေဆီကို အကြောင်းကြားခဲ့ပြီး ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့က ရွှေဆိုင်းတွေဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ရွှေနဲ့ရတနာဌာနက ဦးအေးထွန်းက  “လက်ရွှေဆိုင်းက ဒီနှစ်အတွက် အဆိုင်း ၃၀၀၀ ဝယ်ထားပါပြီ။ အခုက ရွှေဆိုင်းလုပ်ငန်းရှင်တွေ အခက်အခဲရှိ နေတယ်ဆိုလို့ ထပ်ဝယ်တာပါ။ ပုံမှန်လည်း လက်ရွှေဆိုင်းက အဆိုင်း ၃၀၀၀ နဲ့ ၄၀၀၀ ကြားဝယ်ပါတယ်” လို့ ပြောပါတယ်။

ရွှေဈေးအပေါ်မူတည်ပြီး ရွှေဆိုင်းတဆိုင်းကို ကျပ် ၄၅၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း သူက ပြောပါတယ်။

စွယ်တော်ဦးရွှေဆိုင်း လုပ်ငန်း၊ သကျနန္ဒီရွှေဆိုင်းလုပ်ငန်း၊ ဇင်ယော်ရွှေဆိုင်းလုပ်ငန်း၊ ရွှေယင်းမာ ရွှေဆိုင်းလုပ်ငန်းနဲ့ ရှင်သန်ဆဲဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်းတို့ဆီကနေ မျက်ပါးရွှေဆိုင်း စုစုပေါင်း ၁၅၀၀ ကို အောက်တိုဘာလ စတုတ္ထပတ်မှာ ဝယ်ယူသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေထဲက တစ်ခုဖြစ်တဲ့ မန္တလေး (လက်ရွှေဆိုင်း) မျက်ပါး ရွှေဆိုင်းလုပ်ငန်းတွေအနေနဲ့ လက်ရှိ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကာလမှာ  လုပ်ငန်းလုပ်ကိုင်သူ ၃ ပုံ ၂ ပုံလောက်အထိ လျော့ကျလာတယ်လို့ ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013