DVB Logo
Home
မြန်မာသတင်း
We Love Bago အဖွဲ့က အခြေခံလူတန်းစား အိမ်ထောင်စု ၅၀၀၀ ကို စားကုန်များ လှူဒါန်း 
DVB
·
October 12, 2020
We Love Bago အဖွဲ့က အခြေခံလူတန်းစား အိမ်ထောင်စု ၅၀၀၀ ကို စားကုန်များ လှူဒါန်း 
1 / 2
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပဲခူးမြို့က စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၅၀၀၀ ကို We Love Bago အဖွဲ့ကနေ ဆန် အပါအ၀င် အခြေခံစားသောက်ကုန်ပစ္စည်း ၉ မျိုး လိုက်လံလှူဒါန်းပေးနေပါတယ်။

ပဲခူးမြို့မှာ Stay at Home သက်မှတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့လှူဒါန်းနိုင်ဖို့ ပဲခူးမြို့က မြို့မိမြို့ဖတွေ၊ အလှူရှင်တွေ စုပေါင်းပြီး အဖွဲ့ဝင် ၁၇ ဦးနဲ့ We Love Bago အဖွဲ့ကို ပြီးခဲ့တဲ့ ၁၀ ရက်လောက်က စတင်ပြီးဖွဲ့စည်းခဲ့ပါတယ်၊။

အခုဆိုရင် အဲဒီအဖွဲ့ကနေ ပဲခူးမြို့က အိမ်ထောင်စုပေါင်း ၅၀၀၀ ကို တစ်အိမ်ထောင်ကို ၈၀၀၀ နှုန်းခန့်နဲ့ သိန်း ၄၀၀ ဖိုး ဆန်အပါအဝင် ပစ္စည်း ၉ မျိုးကို အောက်တိုဘာ ၁၁ ရက်နေ့ကစပြီး လိုက်လံလှူဒါန်းပေးနေတယ်လို့ We Love Bago အဖွဲ့ဥက္ကဋ္ဌ ဦးတင်စိုး ကပြေကာပါတယ်။

ကိုဗစ်-၁၉ ကာလ ပဲခူးမြို့က တချို့ရပ်ကွက်တွေမှာ တနေ့ကို ထမင်းတနပ်ပဲ စားနေရတဲ့ အနေအထားတွေထိ ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီလိုအခက်ခဲဖြစ်နေတဲ့ ရပ်ကွက်တခုကို ကရင်တိုင်းရင်းသားရောရာဝန်ကြီး နော်ဖွယ်စေးက ဆန်အပါအဝင် ပစ္စည်း ၇ မျိုးကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကျောက်ကြီးစုရပ်ကွက်နေ ဒေါ်ဌေးက “အလုပ်အကိုင်အခက်အခဲဖြစ်နေချိန်မှာ အခုလို လာရောက် လှူဒါန်းပေးတဲ့အတွက် အလွန်ကိုဝမ်းသာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ လက်တလောမှာ အခုလို လှူဒါန်းတာလေးတွေနဲ့ပဲ စားနေရတယ်” လို့ ပြောပါတယ်။

အခုဆိုရင် ပဲခူးမြို့မှာ ပိုတဲ့လူက လိုတဲ့လူတွေကို မျှဝေတဲ့အနေနဲ့ အခက်ခဲဖြစ်နေတဲ့ ရပ်ကွက်တွေကို စေတနာရှင်တွေကနေ လိုက်လံလှူဒါန်းနေကြပါတယ်။

တချို့က လမ်းထိပ်တွေမှာ ဟင်းသီးဟင်းရွက်တွေဆိုင်တွေဖွင့်ပြီး ငွေကြေးတတ်နိုင်တဲ့သူတွေအား အဖိုးနှုန်းသက်သာစွာ ရောင်းချပေးပြီး ငွေကြေးမတ်နိုင်တဲ့သူတွေကို အခမဲ့ ယူခွင့်ပြုခိုင်းထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013