
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ကိုဗစ်-၁၉ လူနာ ၁၂၇၃ ယောက်နဲ့ တနိုင်ငံလုံးမှာ အများဆုံးတွေ့ရှိထားတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
မနေ့ည ၈ နာရီအထိ စာရင်းဖြစ်ပြီး အင်းစိန်မြို့နယ်ကတော့ ၁၂၄၂ ယောက်နဲ့ ဒုတိယ၊ လှိုင်သာယာမြို့နယ်က ၁၁၀၄ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။
ပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ ၁၀၉၈ ယောက်၊ မင်္ဂလာဒုံမြို့နယ်မှာ ၁၀၀၁ ယောက် တွေ့ထားရပြီး ရခိုင်ပြည်နယ် စစ်တွေမှာတော့ အယောက် ၉၉၀ တွေ့ထားရပါတယ်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ ၈၂၆ ယောက်၊ တာမွေမှာ အယောက် ၇၀၀၊ ကြည့်မြင်တိုင်မှာ ၆၉၅ ယောက် တွေ့ထားပြီး တောင်ဥက္ကလာပ၊ လှိုင်နဲ့ ဒလမြို့နယ်တို့မှာလည်း အယောက် ၆၀၀ ကျော် တွေ့ထားပါတယ်။
ရွှေပြည်သာ၊ သာကေတ၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်းနဲ့ သန်လျင်မြို့နယ်တို့မှာတော့ အယောက် ၅၀၀ ကျော် တွေ့ထားပါတယ်။
ပြီးတော့ လမ်းမတော်၊ စမ်းချောင်းနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ အယောက် ၄၀၀ ကျော်၊ ဗဟန်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒေါပုံနဲ့ လသာမြို့နယ်တို့မှာ အယောက် ၃၀၀ ကျော် တွေ့ထားပါတယ်။
မကွေးတိုင်း သရက်၊ ပွင့်ဖြူနဲ့ မင်းလှ၊ ဧရာဝတီတိုင်း ကျိုက်လတ်နဲ့ ကြံခင်း၊ စစ်ကိုင်းတိုင်း ဖောင်းပြင်နဲ့ မြောင်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ သံတောင်ကြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ် မိုင်းယောင်းနဲ့ ကျောက်မဲမြို့နယ်တို့ကတော့ လူနာ ၃ ယောက်စီ တွေ့ထားလို့ တနိုင်ငံလုံးမှာ အနည်းဆုံး ဖြစ်ပါတယ်။










