
ရုရှားရေနံတင်သင်္ဘောတစင်း ကျူးဘားနိုင်ငံဆီ မတ် ၃၀ ရက်မှာ ရောက်လာတာကို ရုရှားသမ္မတနန်းတော် ကရင်မလင်က ကြိုဆိုခဲ့ပြီး ကျူးဘားအတွက် အထောက်အပံ့တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွေးနွေးရာမှာ ထည့်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ရုရှားက ကျူးဘားဆီ ရေနံအထောက်အပံ့တွေ ဆက်ထောက်ပံ့သွားမယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ရေနံစိမ်း မက်ထရစ်တန်ချိန် တသိန်း တင်လာတဲ့ ရုရှားရေနံတင်သင်္ဘော အနာတိုလီ ကာလို့ဒ်ကင်ဟာ ကျူးဘားနိုင်ငံဆီ ရောက်လာပြီလို့ ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြပါတယ်။
သင်္ဘောဟာ မာတန်ဇာစ်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source: Reuters










