DVB Logo
Home
မြန်မာသတင်း
သာယာဝတီစစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ပြန်လာသူ ၁၀၀ ခန့် ပိတ်မိ
DVB
·
October 9, 2020
သာယာဝတီစစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ပြန်လာသူ ၁၀၀ ခန့် ပိတ်မိ
1 / 2
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ် မီးနင်းချောင်းစစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၉ ရက်နေ့ကစတင်ပြီး  ရန်ကုန်တိုင်းနဲ့ တခြားမြို့နယ်တွေက ပြန်လာသူတွေကို အဝင်မခံတော့လို့ လူ ၁၀၀ လောက် ပိတ်မိနေပါတယ်။

ရန်ကုန်တိုင်းက စက်ရုံတွေကို အောက်တိုဘာ ၂၁ ရက်အထိ ပိတ်လိုက်တာကြောင့် စက်ရုံ၊ အလုပ်ရုံတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်သွားလုပ်နေသူတွေ နေထိုင်စားသောက်ရေး အဆင်မပြေတာကြောင့် ပြန်လာကြတာဖြစ်ပြီး အဝင်မခံတော့လို့ အခက်အခဲကြုံနေကြတာ ဖြစ်ပါတယ်။

 နေရပ်ပြန်လာသူတဦးက “ရန်ကုန်မှာ စက်ရုံတွေပိတ်ထားတော့ အဆောင်လခတွေနဲ့ စားသောက်ရေး အခက်အခဲကြောင့် ပြန်လာတာ။ နောက်ကြောင်းလည်း ပြန်လို့မရတော့ဘူး။ အရင်ကပြန်လို့ရတယ်၊ အခုပြန်လို့ မရတော့ဘူးဆိုတော့ ကျမတို့ ဘယ်သွားနေရမလဲ မသိတော့ဘူး။"လို့ ပြောပါတယ်။ 

သာယာဝတီ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကတာဝန်ရှိသူတစ်ဦးက "အရင်နေ့တွေကတော့ နေရပ်ပြန်တွေကို လက်ခံပြီး သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လွှတ်ပေးတယ်။ ဒီနေ့ကတော့ ရန်ကုန်တိုင်းက stay at home ဖြစ်တဲ့အတွက် သွားလာခွင့် မပေးတော့တာပါ။ လက်ရှိ ရောက်နေတဲ့သူတွေကိုတော့ သူတို့သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးက အဝင်လက်ခံတယ်ဆို လာခေါ်ခိုင်းထားပါတယ်။ နောက်ထပ်ရောက်လာတဲ့သူတွေကိုတော့ အဝင်မခံတော့ဘူး။” လို့ ပြောပါတယ်။

ပဲခူးမြို့အတွင်းကိုလည်း အောက်တိုဘာ ၈ ရက် နေ့လယ်လောက်ကတည်းကစပြီး ကုန်ကား ၁ မျိုးပဲ စနစ်တကျ စိစစ်ပြီးဝင်ခွင့်ပြုထားကာ လူစီးကားတွေကို လုံးဝအဝင်မခံတော့ဘူးလို့ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြောပါတယ်။

လက်ရှိမှာ ပဲခူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အယောက်  ၃၀၀ ကျော်ရှိပြီး ပဲခူးမြို့က လူနာ ၁၁၃ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေဟာ ရန်ကုန်က ပြန်လာသူတွေနဲ့ ထိစပ်သူတွေများတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရန်ကုန်ဘက်ကနေလာတဲ့ လူစီးကားတွေကို အဝင်မခံတာ ဖြစ်ပါတယ်။

သတင်း-မေသွယ်၊ အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013