DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်တွင် စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်
DVB
·
October 9, 2020
ကျောက်မဲမြို့နယ်တွင် စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်
1 / 5
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း‌၊‌ ကျောက်မဲမြို့ ပုံဝိုးတိုက်နယ် တောင်ထိပ်ရွာဘုန်းကြီး‌ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာသုံးရက်စာသာ ကျန်ရှိတယ်လို့ ကျောက်မဲ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။ 

ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကူးက “ပုံဝိုးတိုက်နယ်က စစ်ရှောင်ပြည်သူ ၆၄၆ ယောက်ဟာ တောင်ထိပ်ရွာဘုန်းကြီး‌ကျောင်းမှာ ရောက်ရှိနေတာ ၅ ရက်လောက်ကြာနေပြီး တပ်မတော်စစ်ကြောင်းက ခွင့်မပြုတာကြောင့် ကူညီထောက်ပံ့မယ့် အလှူရှင်တွေက မလာရောက်နိုင်ဘဲ ဒီနေ့မှသာ စားနပ်ရိက္ခာတွေ အရောက်ပို့ပေး နိုင်ခဲ့ပါတယ်။ မနက်ဖြန်သာ ရောက်သွားရင်စားစရာတောင် မရှိတော့ဘူး”လို့ ပြောပါတယ်။ 

လတ်တလောသယ်ယူထားတဲ့ ဆန် ၁၂ ပိုင်းနဲ့  တခြားအဖွဲ့တွေလှူထားတဲ့ ရိက္ခာတွေနဲ့ပါဆိုရင် စစ်ဘေးရှောင်တွေအတွက်  ၃ ရက်စာလောက် ဖူလုံနိုင်ပြီး  လူများတဲ့အတွက်  စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ထပ်မံ လိုအပ်နေတယ်လို့လည်း  လွှတ်တော်အမတ်က ဆက်ပြောပါတယ်။

နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးကတော့ “ကျနော်တို့ အောက်တိုဘာ ၄ ရက်နေ့က ရောက်ခဲ့တယ်။ ဆန် ၁၄ ပိုင်းပဲပါသွားခဲ့တာ။ ခုလောက်ရှိ ကုန်ပြီပေါ့။ အဲ့ နေရာကဝင်ရခက်တယ်ဗျ” လို့ ‌ပြောပါတယ်။

တောင်ထိပ်ရွာဟာ ပုံဝိုးရွာ နဲ့ ၁၅ မိုင်ခန့်ဝေးပြီး၊ နာရီဝက်ခန့်သွားရတဲ့ ကျေးရွာဖြစ်ပါတယ်။ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA  တပ်ဖွဲ့အကြား တိုက်ပွဲတွေ တစ်ပတ်‌ကျော်ကြာ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ အယောက် ၂၀၀၀ ကျော်ရှိနေပါပြီ။

သတင်း- နန်းစပယ်၊ ဓာတ်ပုံ - စိုင်းကူး၊နမ့်ခုံးရှမ်းများပရဟိတအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013