DVB Logo
Home
မြန်မာသတင်း
ဒဿကျော်စွာ၏ သုဿန်စောင့် မဖဲဝါ အသံထွက်ရုပ်ပြ အွန်လိုင်းမှ အပိုင်းလိုက် ထုတ်လွှင့်နေ (ရုပ်သံ)
DVB
·
October 9, 2020
ဒဿကျော်စွာ၏ သုဿန်စောင့် မဖဲဝါ အသံထွက်ရုပ်ပြ အွန်လိုင်းမှ အပိုင်းလိုက် ထုတ်လွှင့်နေ (ရုပ်သံ)
Donate to DVB

သရဲတစ္ဆေ နာနာဘာဝ ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ စာရေးဆရာ ဒဿကျော်စွာရဲ့ “မဖဲဝါ”စာအုပ်ကို ပုံစံတမျိုးနဲ့ အသံထွက်ရုပ်ပြအနေနဲ့ အွန်လိုင်းပေါ်မှာ အပိုင်းလိုက် ထုတ်လွှင့်နေပါတယ်။

အဲဒီစာအုပ်ကိုတော့ ငါတို့စာပေကနေ သုံးအုပ်တွဲအနေနဲ့ ပြန်လည်ပြီးတော့ ထုတ် ဝေသွားမှာဖြစ်ပြီး လတ်တလောမှာတော့ ရုပ်ပြစာအုပ်မထွက်ခင် အသံထွက်ရုပ်ပြ စာ အုပ်အဖြစ် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

စာရေးဆရာ ဒဿကျော်စွာရေးသားခဲ့တဲ့ စာအုပ်တွေဟာ သရဲတစ္ဆေ နာနာဘာဝ စာပေအမျိုးအစားကြိုက်နှစ်သက်တဲ့ ပရိသတ်တွေကြားမှာတော့  အောင်မြင်တဲ့ စာအုပ် ဈေးကွက်တခေတ် ဖြစ်ခဲ့ပြီး သူ့စာအုပ်တွေထဲ သုသာန်စောင့်မဖဲဝါ အပါအဝင် ပုဏ္ဏက တိုက်တဲ့အိမ်၊ ဂမ္ဘီရစာရွက်၊ နန္ဒာဒေဝီ၊ တတိယမျက်လုံးရှင်၊ မှော်ဝင်ဖူးစာရှင်ရုပ်ပုံလွှာ၊ ကိုးမြို့ရှင်၊ သရဲကျမ်းစတဲ့ စာအုပ်တွေက ထင်ရှားပါတယ်။

ခုတခါ မဖဲဝါစာအုပ် အသံထွက်ရုပ်ပြအနေနဲ့ တင်ဆက်မှုမှာတော့ အသံသရုပ် ဆောင်-ခက်ရိပ်ညို၊ တည်းဖြတ်-Bookaholic တို့ရဲ့ ဖန်တီးမှုနဲ့အတူ ပုံစံတမျိုးနဲ့ ဖတ်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ မဖဲဝါ အသံထွက်ရုပ်ပြ ထုတ် လွှင့်မှုဟာ လတ်တလောမှာတော့ အပိုင်း ၄ ပိုင်းထိ ထုတ်လွှင့်ခဲ့ပြီးဖြစ်ကာ အောက်ဖော်ပြပါ ယူကျုဘ်လင့်ခ်တွေကတဆင့် ရှုစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

မဖဲဝါအသံထွက်ရုပ်ပြ အပိုင်း (၁)

https://youtu.be/w7xmjwK1sG4

မဖဲဝါအသံထွက်ရုပ်ပြ အပိုင်း (၂)

https://youtu.be/qfpMDl6TVjU

မဖဲဝါအသံထွက်ရုပ်ပြ အပိုင်း (၃)

https://youtu.be/nMn7AWFEPQc

မဖဲဝါအသံထွက်ရုပ်ပြ အပိုင်း (၄)

https://youtu.be/9VqZhcVRrQw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013