DVB Logo
Home
မြန်မာသတင်း
MIGA အဖွဲ့ဝင်ဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု အကျိုးရှိမည်
DVB
·
July 12, 2013
MIGA အဖွဲ့ဝင်ဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု အကျိုးရှိမည်
Donate to DVB

နိုင်ငံတကာဘဏ္ဍာရေး အသင်းအဖွဲ့အစည်းတခုဖြစ်တဲ့ Multilateral Investment Guarantee Agency (MIGA) အဖွဲ့ထဲ မြန်မာနိုင်ငံက အသင်းဝင်အနေနဲ့ ပါဝင်လာရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတို့အပေါ် များစွာအထောက်အကူပြုမယ်လို့ စီးပွားရေးမူဝါဒရေးရာကျွမ်းကျင်သူ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

MIGA အဖွဲ့အစည်းထဲ မြန်မာနိုင်ငံက အသင်းဝင်အနေနဲ့ ပါဝင်ဖို့ ဇူလိုင် ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

ဒေါက်တာ အောင်ကိုကိုက “အဓိက ကျနော်တို့က အထူးသဖြင့်တော့ အရင်က ရှိတဲ့ စီးပွားရေး ပုံသဏ္ဌာန် နဲ့တော့ မတူတော့ဘူးပေါ့လေ။ တဖြည်းဖြည်းတော့ ပြောင်းလာမှာပါ။ ဒါကတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို ဘယ်လို ပုံသဏ္ဌာန်နဲ့ ပြန်လည်ပြီးတော့ တည်ဆောက်မလဲဆိုတာက အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်ပေါ့လေ။ အဲဒီလို အရေးကြီးတဲ့ အချိန်မှာ နိုင်ငံတကာနဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်ဆံဖို့ကလည်း အရေးကြီးတာကိုး။ အဲဒီအတွက်လည်း စောစောက ပြောသလိုပေါ့ MIGA အပါအ၀င် တခြားအဖွဲ့အစည်းတွေကို ၀င်ရောက်လိုက်တဲ့အတွက် တိုင်းပြည်အတွက်က ဘာပဲပြောပြောပေါ့နော် အကျိုးများတာပေါ့နော် အဲဒီလိုပဲ မြင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ MIGA အဖွဲ့အစည်းအတွင်း ၀င်ရောက်ဖို့အတွက် ပြင်ဆင်တဲ့အဆင့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

“အဲဒီလို ၀င်လိုက်တယ်ဆိုရင် တခုတော့ရှိတာပေါ့။ ဥပမာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ထဲ ၀င်လိုက်တဲ့အခါမှာ WTO အခွင့်အရေးရသွားတယ်။ WTO ကို လျှောက်ပေမယ့်လို့ တော်ရုံနဲ့ မရတဲ့ နိုင်ငံတွေရှိတယ်။ ကျနော်တို့ အာရှထဲမှာပေါ့။ WTO ထဲဝင်ဖို့ အကြာကြီး လျှောက်ရတယ်၊ တော်ရုံနဲ့ ခွင့်ပြုချက်မပေးဘဲနဲ့ ဒီလိုပဲ ဆိုင်းငံ့ပြီးတော့ နောက်ဆုံးမှသာ ဆုံဖြတ်ချက်ပေးပြီးတော့ ၀င်ခွင့်ပြုလိုက်တဲ့ နိုင်ငံတွေလည်း ရှိတယ်လေ။ နိုင်ငံတခုက အဖွဲ့ဝင် ဖြစ်ချင်တယ်ဆိုရင် ဖြစ်ချင်တိုင်းလည်း ဖြစ်လို့ မရဘူး။ နောက် WTO ၀င်လိုက်တဲ့အခါ WTO ရဲ့ အဖွဲ့ဝင်တွေက အခွင့်အရေး ရလာတာတွေ ရှိတာကိုး။ ကျနော်တို့ ကမ္ဘာ့ဘဏ်တို့ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ရှယ်ယာတော့ ထည့်ရတာပဲ။ နိုင်ငံကြီးရင် ပိုထည့်ရတယ်။ နိုင်ငံငယ်တော့ နည်းနည်းထည့်ရတယ်၊ ရှယ်ယာ များများထည့်တဲ့ နိုင်ငံက ဘာဖြစ်လဲ ဆိုတော့ ဩဇာ ပိုကြီးတာပေါ့။”

အခုလို နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ MIGA လို အသင်းအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှု ရှိလာရတဲ့အကြောင်းက မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာတဲ့ ရလဒ်ကြောင့်ပါလို့ ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။

အလားတူ ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံအနေနဲ့ MIGA အဖွဲ့မှာ အဖွဲ့ဝင်အနေဖြင့် ၀င်ရောက်လာပါက ကမ္ဘာ့ဘဏ်အသင်းကြီးရဲ့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ တိုးတက်လာမှာဖြစ်လို့ ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာရေး ကို အထောက်အကူပြုမယ်လို့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် MIGA အဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၉,၂၅,၉၆၀ ရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးသွင်းရမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013