DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်နှင့် လက်တွဲလုပ်ကိုင်ရန် တေးရေးအသစ်များ ဖိတ်ခေါ်
DVB
·
October 8, 2020
နီနီခင်ဇော်နှင့် လက်တွဲလုပ်ကိုင်ရန် တေးရေးအသစ်များ ဖိတ်ခေါ်
Donate to DVB

       တေးသံရှင် နီနီခင်ဇော်ရဲ့ အသစ်ထွက်ရှိလာမယ့် တေးအယ်လ်ဘမ်မှာ အတူလက် တွဲလုပ်ကိုင်ဖို့အတွက် တေးရေးအသစ်တွေကို ခေါ်ယူနေပါတယ်။

       ဒီအကြောင်းနဲ့ ပတ်သက်ပြီး နီနီခင်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ “တေး​ရေးအသစ်များ ​နှင့် လက်တွဲလုပ်ကိုင်လို၍ခေါ်ယူခြင်း”ခေါင်းစဉ်နဲ့ ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“Ni Ni 's Team မှ နီနီရဲ့ အသစ်ထွက်ရှိ​မယ့် သီချင်း​ခွေတွင် လက်ရှိလက်တွဲ​လုပ် ကိုင်​နေ​သော​တေး​ရေးဆရာသမားများ၊ နီနီကိုယ်တိုင်​ရေးသား​သော သီချင်းများအပြင်၊ အသစ်သစ်​သော ဖန်တီးမှုများဆက်လက်လုပ်ကိုင်လိုပါ၍ Own Tune ဖန်တီး​ရေးသား/ ဂီတထုတ်လုပ်သူ (composer/music producer) အနုပညာရှင်အသစ်များ ​ခေါ်ယူ​နေပါ တယ်… နီနီ့အတွက်ကိုယ်တိုင်ဖန်တီး​ရေးသားထား​သော Own Tune မည်သည့် သီချင်း ဂီတ အမျိုးအစား​ကိုမဆို ​ပေးပို့နိုင်ပါတယ်”

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆို ပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံ တရာ သီချင်းဟာ လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေအများကြီး ချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ဂီတဘက်မှာသာမက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့ နီနီခင်ဇော်ဟာ “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင် နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

နောက်ပြီး ကိုယ်တိုင်ထုတ် Super Red အလှကုန်တွေကိုလည်း အောင်အောင် မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Pride Award ဆုကိုလည်း ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကတော့ သူ့ရဲ့ အသက် ၂၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ “Hope”အမည်ရတဲ့ သီချင်းတပုဒ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

နီနီခင်ဇော်ဟာ လက်ရှိထုတ်လွှင့်နေတဲ့ The Voice Myanmar Season 3 မှာ ဒိုင် တယောက်အနေနဲ့လည်း ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ခုလက်ရှိ တေးရေးအသစ်ခေါ်ယူမှုအတွက် လက်တွဲလုပ်ကိုင်လိုသူတွေအနေနဲ့ အ သံသွင်းယူထား​တဲ့ တေးသီချင်းတွေကို mp3 file/wav file တို့နဲ့အတူ သီချင်းစာသားကို [email protected] အီးမေးလ်လိပ်စာ၊ Viber ဖုန်းနံပါတ် +959445738535 https://forms.gle/gtpdWaM9XzAR7jFL6 တွေကတဆင့် အမည်၊ ဆက်သွယ်ရန် ဖုန်းနံ ပါတ်၊ သီချင်းfile နဲ့အတူ အောက်တိုဘာ ၇ ရက်​နေ့က လာမယ့် နိုဝင်ဘာ ၁၂ ရက်​​​နေ့ ည​နေ ၅ နာရီ အထိ​ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

​      ရွေးချယ်​ခံရ​​သော​တေးသီချင်းတွေကိုတော့ နိုဝင်ဘာလ ၁၃ ရက်​နေ့မှာ ထုတ်ပြန်​​ကြေညာ​ပေးသွားမှာဖြစ်ကာ ​​ ထိုက်သင့်​​တဲ့ အနုပညာ​​ကြေး​နဲ့ သတ်မှတ်ထား​​​တဲ့ တေးသီ ချင်း ​အသုံးပြုခတွေ ပေး​ချေဝယ်ယူ​​သွားမယ်လို့ ဆိုပါတယ်။

       ပါဝင်လိုတဲ့ တေးသီချင်းဖန်တီးထုတ်လုပ်သူတွေအနေနဲ့ ဖော်ပြပါ စည်းကမ်းချက် တွေကိုတော့ လိုက်နာဖို့ သဘောတူညီရမယ်လို့လည်း ဖော်ပြထားပါတယ်။

Terms and Conditions

အောက်ဖော်ပြပါ စည်းကမ်းချက်များကိုလိုက်နာရန် သဘောတူညီပါသည်။


  1. သီချင်းသည် အခြားတစ်တစ်ယောက်၏ တီထွင်ဖန်တီးထားသည့် အနုပညာများ/ သံစဉ်များ (ပြည်တွင်း/ ပြည်ပ) ကိုမျှ တုပရေးသားထားခြင်းမပြုရ။

  2. အခြားသော အနုပညာရှင်များ အား မေတ္တာဖြင့်သော်လည်းကောင်း၊ အခကြေးငွေ ဖြင့်သော်လည်းကောင်း ရောင်းချထားပြီး​သော တေးသီချင်းမဖြစ်ရ။

  3. လူတစ်ဦးတစ်ယောက်အား ပုတ်ခတ်ရေးသားခြင်း (သို့မဟုတ်) ထိခိုက်စေနိုင် သည့်အရေးအသားမဖြစ်ရ။

  4. သီချင်း၏ သင့်​တော်​သောတစိတ်တပိုင်း အား Ni Ni's Team မှဝယ်ယူခဲ့သည်ရှိ​သော် ပူး​​​ပေါင်း​ရေးသားခြင်း သို့မဟုတ် တစိတ်တပိုင်း​ရောင်းချခြင်းအားခွင့်ပြုနိုင်ရမည်။

  5. ​ရွေးချယ်ခံရ​သော ​တေးသီချင်းများကို Reddy Record Label ၏ သ​ဘောတူညီမှုစာချုပ်ဖြင့် ညှိုနှိုင်းလုပ်ကိုင်နိုင်ရမည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013