DVB Logo
Home
မြန်မာသတင်း
ဗလီအားလုံး ပြန်ဖွင့်ခွင့်ရရေး တောင်းဆိုသွားမည်
DVB
·
July 12, 2013
ဗလီအားလုံး ပြန်ဖွင့်ခွင့်ရရေး တောင်းဆိုသွားမည်
Donate to DVB

မြန်မာနိုင်ငံအတွင်း ပဋိပက္ခအကြမ်းဖက်မှုတွေကြောင့် ပိတ်ခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ၀တ်ပြုရာ ဗလီတွေအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာကောင်စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။

[caption id="attachment_41525" align="alignright" width="300" caption="မိတ္ထီလာမြို့နယ်အတွင်း ဖျက်ဆီးခံခဲ့ရတဲ့ ဗလီတလုံး"][/caption]

“အပိတ်ခံထားရတာတွေ တချို့ ပြန်ဖွင့်ခွင့် ရတာတွေ ရှိတယ်။ ပြန်ဖွင့်ခွင့်ရတာ နည်းနည်းပဲ ရသေးတာ။ မိထ္ထီလာမှာ ကျနော်တို့ ၁၃ လုံး၊ ၁၂ လုံးလောက်မှာ ၂ လုံး၊ ၃ လုံးလောက်ပဲ ရသေးတယ်။ ကျနော်တို့ ကုသိုလ်ရေး အရေးတကြီးလိုတဲ့ အချိန်မှာပေါ့နော်။ ကျနော်တို့ ဗလီကျောင်းတော်တွေ သုံးခွင့်မရတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်တယ်။ စိတ်မကောင်းဖြစ်တာထက် အခက်အခဲတွေ ပေါ်တာပေါ့။ အဲဒီအတွက်ကိုလည်း ကျနော်တို့ ကြိုးပမ်းတာပေါ့။ နိုင်ငံတော်ကို ကျနော်တို့ မေတ္တာ ရပ်ခံတာ ကျနော်တို့ ကျောင်းတွေကို ပြန်ဖွင့်ပေးဖို့ မေတ္တာရပ်ခံထားတယ်။”

ဗလီဝတ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်လို့ သာသနာရေးဦးစီးဌာန ဒုရုံးအဖွဲ့မှူး ဦးစိုးနိုင်က သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့တွေထံက ခွင့်ပြုချက်ရယူပြီး ပြန်လည် ဖွင့်ခွင့်ရနိုင်ပါတယ်လို့ ပြောပါတယ်။

“ဗလီတွေကတော့ နဂိုအတိုင်းပဲလေ။ လာရှိုး၊ မိထ္ထီလာတို့မှာဖြစ်တဲ့ ဗလီတို့ ဘာတို့ကျတော့ သက်ဆိုင်ရာ အဲဒီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ အစီအစဉ်နဲ့ပဲ သူတို့ရဲ့ လုံခြုံရေး အစီအစဉ်အရ လုပ်ပေးနိုင်ရင် ဖွင့်ပေးတာမျိုး ရှိရင်ရှိမယ်။ သာသနာရေးဝန်ကြီးဌာနအနေနဲ့ အဲလို  တိုက်ရိုက် ဖွင့်ခွင့်ပြုတယ်လို့ မရှိပါဘူး။”

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေထဲက မွတ်စလင်ဒုက္ခသည်တွေအဖို့ ၀တ်ပြုဆုတောင်းမှုမှာ အခက်အခဲတွေရှိပေမယ့်  မင်းပြားမြို့ ပိုက်သည်ကျေးရွာ ဥက္ကဋ္ဌ ဦးရွှေမောင်ကတော့ သူတို့နေရာမှာ ဗလီတက်ဝတ်ပြုခွင့်တွေ ရခဲ့ပေမယ့် စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လဆန်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဗလီ ၆၀ ကျော် ဖျက်ဆီးခံရပြီး ပြန်ဆောက်ခွင့် မရသေးဘူးလို့ မြန်မာမွတ်စလင်လူငယ်များ လူမှုရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောပါတယ်။

မိတ္ထီလာမှာ ၁၄ လုံး အပိတ်ခံရပြီး ၃ လုံးကို ဒီဥပုဒ်လမှာ ပြန်ဖွင့်ရပြီဖြစ်ကြောင်း၊ လားရှိုးမှာ ၁ လုံးနဲ့ ရမည်းသင်းမြို့ ဗလီတလုံးကိုတော့ ပြန်ဖွင့်ခွင့်ရဖို့ ညှိနှိုင်းကြိုးစားနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013