DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အခြေခံလူတန်းစားများအတွက် ပေးကမ်းဖေးကူ လိုသလောက်ယူ အစီအစဉ် စတင်
DVB
·
October 8, 2020
မန္တလေးတွင် အခြေခံလူတန်းစားများအတွက် ပေးကမ်းဖေးကူ လိုသလောက်ယူ အစီအစဉ် စတင်
1 / 5
Donate to DVB

ကိုဗစ်ကာလ တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေ တနေ့စာ စားဝတ်နေရေး ပြေလည်စေဖို့ အောက်တိုဘာ ၇ ရက်ကစတင်ပြီး ပေးကမ်းဖေးကူ လိုသလောက်ယူ အစီအစဉ်ကို မန္တလေးမှာ ပြုလုပ်နေပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးဖြစ်တဲ့ ဦးအောင်မြင့်ဦးက "ဒီအချိန် Stay At Home ကာလ သတ်မှတ်ထားတာကြောင့် ပြည်သူတွေ နည်းနည်းအခက်အခဲဖြစ်နေတယ်။ အခုသွားမယ့် နေရာတွေက အခြေခံလူတန်းစားများတဲ့ နေရာတွေမှာ လုပ်သွားမှာပါ။ လာယူတဲ့ လူတွေအနေနဲ့ တနေ့စားအတွက်ပဲ ယူဆောင်ကြဖို့၊ နောက်လူတွေအတွက် ငဲ့ဖို့ စာလည်း ချိတ်ထားပါတယ်။ ဘယ်လောက်ယူဖို့  မပြောပါဘူး၊ တနေ့တာ အဆင်ပြေသလောက် ယူကြပေါ့" လို့ DVB ကို ပြောပါတယ်။

ပေးကမ်းဖေးကူ လိုသလောက်ယူ အစီအစဉ်မှာ ပန်းမုံလာ၊ ပဲတောင့်ရှည်၊ ကင်းမွန်သီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ခဝဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဆီးဖြူသီး၊ ငရုပ်သီး၊ ဂေါ်ရခါးညွန့် စတဲ့ ဟင်းသီးဟင်းရွက် ၁၀ မျိုးကျော် ချပေးထားတာပါ။

ဒီအစီအစဉ်ကို ဦးဖိုးသာဝင်း၊ ဟော်ကုန်းဝင်း၊ ၇၉ လမ်း နဲ့ လမ်း ၃၀ ထောင့်၊  ၃၄လမ်း နဲ့ ၇၉ လမ်းထောင့်တို့မှ ပြုလုပ်မှာဖြစ်ပြီး တနေရာ သုံးကြိမ်စီ အလှည့်ကျ အောက်တိုဘာ ၁၈ ရက်နေ့ထိ ပြုလုပ်ပေးသွားမှာဖြစ်ပြီး အလှူရှင် ပေါ်လာပါက ရက်တိုးပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013