DVB Logo
Home
မြန်မာသတင်း
နွမ်းပါးရုပ်ရှင်လောကသားဦးရေ ၁၅၀၀ အတွက် ၁ ဦးကို ငွေကျပ် ၃ သောင်းစီ ထောက်ပံ့မည်
DVB
·
October 8, 2020
နွမ်းပါးရုပ်ရှင်လောကသားဦးရေ ၁၅၀၀ အတွက် ၁ ဦးကို ငွေကျပ် ၃ သောင်းစီ ထောက်ပံ့မည်
Donate to DVB

       ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလ နွမ်းပါးရုပ်ရှင်လောကသားဦးရေ ၁,၅၀၀ အား တဦးကို ငွေကျပ် ၃ သောင်းနှုန်းနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထောက်ပံ့သွားဖို့ ရှိနေပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းနဲ့ အနုပညာရှင် စတဲ့ အဖွဲ့ ၅ ဖွဲ့အတွက် ငွေကျပ်သိန်း ၁,၅၀၀ ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ထောက်ပံ့ကူညီပေးသွားဖို့  အတည်ပြုထားပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ အွန်လိုင်းကတဆင့် ကျင်းပတဲ့ အဆိုပါ အစည်းအဝေးမှာတော့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန်နဲ့ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်၊ သတင်းနယ်ပယ်က အနုပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်အရ ထောက်ပံ့ငွေတွေကိုတော့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းနဲ့ အနုပညာရှင်စတဲ့ အဖွဲ့တဖွဲ့စီကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ အောက်တို ဘာလဆန်းကနေ စပြီးရရှိမယ်လို့ ဆိုပါတယ်။

       လတ်တလောမှာတော့ ရုပ်ရှင်ကဏ္ဍအတွက် ခွဲတမ်းရရှိတဲ့ ငွေကျပ်သိန်း ၃၀၀ နဲ့ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ငွေကျပ်သိန်း ၁၅၀ ထပ်မံဖြည့်စွက်ကူညီပြီး စုစုပေါင်း ငွေကျပ်သိန်း ၄၅၀ ကို အလွှာ ၁၀ လွှာမှ နွမ်းပါးရုပ်ရှင် လောကသား ၁,၅၀၀ အား တဦးကို ၃ သောင်းနှုန်းနဲ့ လာမယ့် အောက်တိုဘာလ ၂၁ ရက် နောက်ပိုင်း လမကုန်ခင် ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

       မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နယ်ပယ် အသီးသီးက လုပ်ငန်းတွေနဲ့အတူ ရုပ်ရှင်ရုံတွေ၊ ရိုက်ကူးရေးလုပ်ငန်းတွေကိုပါ လနဲ့ချီ ရပ်နားထားခဲ့ရတာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၇ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း၂၁,၄၃၃  ယောက်၊ သေဆုံးသူ ၅၁၀  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆,၀၈၄ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013