DVB Logo
Home
မြန်မာသတင်း
 The Best of Melody World ဆုရှင် ထက်နေကြည်သီချင်းသစ်-“ပြောပြချင်တယ်”(ရုပ်သံ)
DVB
·
October 8, 2020
 The Best of Melody World ဆုရှင် ထက်နေကြည်သီချင်းသစ်-“ပြောပြချင်တယ်”(ရုပ်သံ)
Donate to DVB

       “အချိန်ဟာ မြစ်တစ်ခုအတိုင်းရွေ့နေတယ်… ပြန်တွေးကြည့်ရင်ကြာပေမယ့်… ခေါ်သံလေး နားထဲကြားသလိုပဲ အခုထိ… အမှတ်အသား တခုကိုစွဲထင်သလို… ရင်မှာ အ တိတ်နေ့တွေ တည်မြဲဆဲ… ငါတသက်လုံး မပျောက်တော့မယ့်… ဒဏ်ရာနဲ့စွဲထင်ရင်း”

       ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ တေးသံရှင် ထက်နေကြည်ရဲ့ သီ ချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       “ပြောပြချင်တယ်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး စောလင်းမို က ရေးစပ်ပေးထားခဲ့တာ ဖြစ်ပြီး သီချင်းအသစ်တွေ ထွက်မလာတာကြာပြီဖြစ်တဲ့ ထက်နေကြည်ရဲ့ သီဆိုဟန်နဲ့ နားဆင်ကြရမှာ ဖြစ်ပါတယ်။

       အသက် ၃၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ထက်နေကြည်ဟာ မြန်မာနိုင်ငံရဲ့ ရွက်ပုန်း သီးအနုပညာရှင်အဆိုတော်တွေ မွေးထုတ်ပေးရာ The Best of Melody World သီချင်း ဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

       ပထမအကြိမ်အဖြစ် ၂၀၀၇ ခုနှစ်က ကျင်းပခဲ့တဲ့ အဲဒီပြိုင်ပွဲမှာတော့ သူနဲ့အတူ ချမ်းချမ်း၊ ကိုကိုမောင်၊ ခိုင်ရွှေဝါ၊ အောင်ခန့်၊ နန္ဒာစတဲ့ တေးသံရှင်တွေ အမြောက်အမြား ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

       The Best of melody World 2007 တေးအယ်လ်ဘမ်ထဲက “နောက်ဆုတ်ဖို့ကြိုး စားရင်းနဲ့”သီချင်းကတော့ ထက်နေကြည်ကို အားလုံးက အသိအမှတ်ပြုကြရတဲ့ မှတ် တိုင်တခုဖြစ်ခဲ့တာပါ။

       နောက်ပိုင်းမှာတော့ အတွဲတေးအယ်လ်ဘမ်တွေ၊ အနုပညာလှုပ်ရှားမှုတွေ လုပ် ဆောင်နေရင်း တကိုယ်တော်တေးအဘ်လ်ဘမ် “နင်ယုံကြည်တဲ့အချိန်” ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။

       “ငါ နေထိုင်ရာကမ္ဘာထဲမှာ… မင်း အရင်လိုကွာဝေးဆဲပါ… ဒါပေမယ့်… တခေါက်ဆုံတွေ့ရင်တော့… နှုတ်ဆက်စကားတို့ ပြောခွင့်ရချင်တယ်… မင်းရွေးတဲ့ ဘဝရဲ့လမ်းဟာ ချောမွေ့ပါရဲ့လား? တကယ်လို့များ ကြုံရင်တော့… ဟိုအရင်လမ်းပြကြယ် လေးမင်းကို လွမ်းတဲ့အကြောင်း ပြောပြချင်တယ်”

       ခုအသစ်ထွက်ရှိလာခဲ့တဲ့ သူ့ရဲ့ “ပြောပြချင်တယ်”သီချင်းနဲ့ ပတ်သက်ပြီးတော့ ထက်နေကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေကို အချိန် ၁၁ နှစ်လောက် ဝေးကွာပြီးမှ ထပ်ထွက်လာခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တပုဒ်ဖြစ်တာမို့ ခံစားနားဆင်ကြည့်ကြဖို့ ရေးသားမျှဝေထားပါတယ်။

       ဒီသီချင်းကိုတော့ အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox ကနေ Exclusive အနေနဲ့ ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013