
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၅၂ ယောက်အထဲမှာ ၁,၀၉၄ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ခုတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ကမာရွတ်မြို့နယ်မှာ ၁၇၃ ယောက်၊ မင်္ဂလာဒုံမြို့နယ်မှာ ၁၁၄ ယောက်၊ မြောက်ဥက္ကလာ ပမြို့နယ်မှာ ၁၁၁ ယောက်နဲ့ အများဆုံးပါဝင်နေပြီး စုစုပေါင်း မြို့နယ် ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၁ ခုမှာ ၂၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၅ ခုမှာ ၁၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၉ မြို့နယ်မှာ ၇၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၅ ခုမှာ ၆ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၁၀ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၆ ယောက်၊ နေပြည်တော်မြို့နယ် ၆ ခုမှာ ၁၂ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကချင်ပြည်နယ်မှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၆ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၂၀,၀၃၃ ယောက်၊ သေဆုံးသူ ၄၇၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၅၇၈၂ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။










