Home
မြန်မာသတင်း
ကိုးကန့်ဒေသတွင် မဲရုံတာဝန်ကျ ဆရာဆရာမ ၂၀၀ ခန့် ကွာရန်တင်းဝင်
DVB
·
October 7, 2020
120811294_636855643681848_3398298128442914244_n
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မဲရုံတာဝန်ကျတဲ့  ဆရာဆရာမ ၂၀၀ လောက်  ကွာရန်တင်းဝင်နေတယ်လို့ လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးငွေဒိုးက  ပြောပါတယ်။ ကွာရန်တင်းဝင်နေတဲ့ဆရာဆရာမတွေဟာ ကျောင်းပိတ်ချိန်မှာ သူတို့ဇာတိဒေသတွေကို ပြန်နေကြပြီး မဲရုံတာဝန်ထမ်းဆောင်ဖို့ရှိတာကြောင့် ပြန်လာကြရပြီး ကွာရင်တင်း ၂၁ ရက်ဝင်နေ ကြတာလို့ ဆိုပါတယ်။  “သူတို့ရဲ့ခရီးစရိတ်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးက ထောက်ပံ့မှာဖြစ်ပြီး လက်ရှိကွာရန်တင်းဝင်ချိန်မှာ စားဖို့သောက်ဖို့ကိုတော့ ကျနော်တို့ကော အလှူရှင်တွေ လာလှူပေး နေကြတာရောရှိလို့ အဆင်ပြေ နေပါသေးတယ်” လို့ ဦးငွေဒိုးက ပြောပါတယ်။ အဝေးကပြန်ရောက်လာသူ ဆရာဆရာမ‌တွေဟာ လောက်ကိုင်မြို့နယ်မဲဆန္ဒနယ်မြေ အတွက် ၁၀၂ ယောက်နဲ့ ကုန်းကြမ်းမြို့နယ်အတွက် ၉၆ ယောက် ကွာရန်တင်းဝင်နေကြပါတယ်။ ကွာရန်တင်းဝင်ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ဆရာဆရာမတွေကို သင်တန်းပေးဖို့ရှိပြီး ရွေးကောက်ပွဲ လုံခြုံရေးအတွက်လည်း အထူးရဲ ၂၀၀ လောက်ကို လေ့ကျင့် သင်တန်းပေးနေတယ်လို့ သိရပါတယ်။ သတင်း- နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024