DVB Logo
Home
Lead Story
ပုံစံတမျိုးနှင့် ထွက်ရှိလာသည့် မြန်မာအိုင်ဒေါတေးသံရှင်”ယွန်း”သီချင်းသစ်-“အင်းပါ” (ရုပ်သံ)
DVB
·
October 7, 2020
ပုံစံတမျိုးနှင့် ထွက်ရှိလာသည့် မြန်မာအိုင်ဒေါတေးသံရှင်”ယွန်း”သီချင်းသစ်-“အင်းပါ” (ရုပ်သံ)
Donate to DVB

       နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲစင်မြင့်က နေ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာသူတယောက်ဖြစ်တဲ့ ယွန်းရဲ့ သီချင်း သစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “အင်းပါ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ စောထက်နိုင်စိုးက ရေးစပ်ပေး ထားခဲ့တာ ဖြစ်ပြီး V7Entertainment ကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

       “ဂရုစိုက်ပေးပါ မင်းထားခဲ့မှာ စိတ်ပူလို့ပါတဲ့… အိပ်ခါနီးတိုင်း မက်ဆေ့ဂျ်ပို့ပါ သိပ် ချစ်လို့ပါတဲ့… ဘယ်တော့မှ မခွဲဘူးဆိုတာ သူခဏခဏ ပြောပါတယ်… သိပ်ချစ်တတ်တဲ့ ချစ်သူဆိုပြီး ဂုဏ်ယူနေမိခဲ့… ကိုယ့်ကိုယ်ကို အဟုတ်မှတ်ပြီးတော့ အပေါင်းအသင်း ကြားမှာ သေအောင် ထုတ်ကြွားခဲ့… သူသိပ်ချစ်တတ်ပါတယ်ဆိုပြီးတော့ ယုံကြည်မိခဲ့ပါ တယ်”

       ယွန်းဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 2 မှာ တောင်ကြီးမြို့က လာရောက်ယှဉ် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တယောက် ဖြစ်ပါတယ်။

       နေပြည်တော်၊ ဘားအံ၊ မန္တလေး၊ တောင်ကြီး၊ ရန်ကုန် ဒေသကြီး ၅ ခုခွဲပြီး လူရွေး ပွဲတွေ ကျင်းပခဲ့ရာမှာတော့ Golden Ticket ရရှိသူ ၈၆ ယောက် ထွက်ပေါ်လာခဲ့တာပါ။

       အဲဒီထဲကတော့ Top Finalists ၁၀ ယောက်ကို ရွေးချယ်ခဲ့ချိန်မှာ ယွန်းက တခြား ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ သားငယ်၊ ဇင်ကြီး၊ မိုင်းမိုင်ဆိုင်း၊ ချမ်းငြိမ်း၊ ပိုးမီ၊ အေမီဇန်၊ ဖြူ လေး၊ ဘီလီလမင်းအေးတို့နဲ့အတူ ထပ်မံ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

       ပထမသီတင်းပတ်မှာတော့ ယွန်းက “ဒီကစောင့်နေသူ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

       ဒုတိယသီတင်းပတ် ၁၉၉၀ ပြည့်လွန်ကာလ သီချင်းတွေနဲ့ Top 9 ယှဉ်ပြိုင်မှုမှာ တော့ “အဆိပ်ငွေကြေး”သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး Bottom 3 မှာ ထိုင်ခဲ့ရပေမယ့် နောက်တ ဆင့် ထပ်မံတက်ရောက်ခဲ့ပါတယ်။

       တတိယမြောက်သီတင်းပတ်ရဲ့ စုံတွဲသီချင်းသီဆိုယှဉ်ပြိုင်မှုမှာတော့ ပြိုင်ပွဲဝင်တွေ ထဲက ပိုးမီကို ဒိုင်တွေက Save လုပ်ခဲ့တာမို့ စတုတ္ထမြောက်သီတင်းပတ် Top 8 ရော့ခ်သီ ချင်းတွေနဲ့ ညမှာတော့ “ပထမခြေလှမ်း”သီချင်းနဲ့ ယှဉ်ပြိုင်တဲ့ ယွန်းနဲ့ နောက်ထပ်ပြိုင်ပွဲ ဝင် ချမ်းငြိမ်းတို့က နှုတ်ဆက်ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

       ခုတခါမှာတော့ ယွန်းရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့ အသစ်ထွက်ရှိလာခဲ့တဲ့ “အင်းပါ” သီချင်းကို ပရိသတ်တွေ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“အကုန်ပျက်စီး သွားပြီ… အခုတော့… ယုံကြည်မှုတွေ တစ,တစစီ ဖြစ်ကုန်ပြီ… အရာအားလုံးထက် သူ့ကို… ယုံကြည်ထားတာ… အရာအားလုံးထက် သူ့ကို…  မျှော် လင့်မိတာ… အရာအားလုံးထက် သူ့ကို… တန်ဖိုးထားခဲ့တာပါ… အရာအားလုံးထက် သူ့အပေါ်… သိပ်ချစ်ခဲ့တာ… အရာအားလုံးထက် သူ့အပေါ်… ရိုးသားခဲ့တာ… အရာအား လုံးကို နောက်ဆုံးလှည့်စားသွားပြီး… ယစ်မူးသွားခဲ့တာ… အော်… အင်းပါ”

ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ချန်ထားရစ်ခဲ့တဲ့ ချစ်သူအကြောင်းကို မိန်းက လေးဘက်ကခံစားမှုနဲ့ သီဆိုထားခဲ့ ဒီသီချင်းရုပ်သံထဲမှာတော့ ယွန်းနဲ့အတူ သရုပ်ဆောင် မော်ဒယ်လ် ထက်ဦးထွဋ်က အတွဲညီညီ ပါဝင်သရုပ်ဆောင်ပေးထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013