DVB Logo
Home
နိုင်ငံတကာ
အမေရိကန်စစ်သင်္ဘော ဒုံးကျည်ထိမှန်သည့်သတင်း မဟုတ်မှန်ဟု အမေရိကန်ငြင်းဆို   
DVB
·
May 5, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ အမေရိကန်စစ်သင်္ဘောတစင်း ဒုံးကျည် ၂ စင်း ထိမှန်ခဲ့တယ်ဆိုတဲ့ အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့ ထုတ်ပြန်ချက်ကို အမေရိကန် အလယ်ပိုင်းတိုင်း စစ်ရေးကွပ်ကဲရေးဌာနက ငြင်းဆိုလိုက်ပါတယ်။

မေ ၄ ရက်က အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က ပစ်ခတ်လို့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်ရေတပ်ရဲ့ ဖရီးဂိတ် စစ်သင်္ဘော တစင်းကို ဒုံးကျည် ၂ စင်း ထိမှန် ခဲ့တယ်လို့ အီရန်မီဒီယာတွေက ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ရေတပ်သင်္ဘောတွေကို ဒုံးကျည် မထိမှန်ခဲ့ဘူးလို့ အရှေ့အလယ်ပိုင်းကို လွှမ်းခြုံထားတဲ့ အမေရိကန်စစ်ဌာနချုပ် CENTCOM ကတော့ သူ့ရဲ့တရားဝင် X လူမှုကွန်ရက်အကောင့်ကနေ တုံ့ပြန် ပြောပါတယ်။

အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘောတွေ ပင်လယ်ကွေ့မှာ မေ ၄ ရက်က စစ်ဆင်ရေးလုပ်နေချိန်မှာ အမေရိကန်အလံလွှင့်ထူထားတဲ့ ကုန်တင်သင်္ဘော ၂ စင်း ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်သွားတယ်လို့လည်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက ပြောပါတယ်။

အီရန်က သတိပေးပစ်ခတ်မှုတခု ပြုလုပ်ခဲ့ပြီး အမေရိကန်စစ်သင်္ဘော ပျက်စီးမှု ရှိ မရှိ မသေချာဘူး လို့ အီရန်အကြီးတန်းအရာရှိတယောက်က  ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

အမေရိကန်တပ်ဖွဲ့တွေဟာ Project Freedom ကို ထောက်ခံနေပြီး အီရန်ဆိပ်ကမ်းတွေမှာ ရေတပ် ပိတ်ဆို့မှုကို ပြဋ္ဌာန်းနေတယ်လို့လည်း CENTCOM က ပြောတယ်။

"Project Freedom" ဆိုတာ ပဋိပက္ခမစတင်မီက ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းလောက် တင်ပို့ခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခြင်းကြောင့် ပိတ်မိနေတဲ့ သင်္ဘောတွေကို "လွတ် မြောက်စေရေး" အမေရိကန်ရဲ့ ကြိုးပမ်းချက် အသစ်တခုကို ရည်ညွှန်းထားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ Truth Social ပို့စ်တခုမှာ တနင်္ဂနွေညနေက စစ်ဆင်ရေးကို ကြေညာခဲ့ပြီး တနင်္လာနေ့မနက်မှာ ကြိုးပမ်းချက်တွေကို စမယ်လို့ ပြောပါတယ်။ 

အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘောတွေဟာ "Project Freedom ကို ထောက်ခံ တဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးတဲ့နောက် အာရေဗျပင်လယ်ကွေ့မှာ လက်ရှိ ခုတ်မောင်းနေတယ်လို့ CENTCOM X ပို့စ်တစ်ခုမှာ ရေးပါတယ်။ 

အမေရိကန်တပ်ဖွဲ့တွေက စီးပွားရေးဆိုင်ရာ သင်္ဘောတွေအတွက် သယ်ယူပို့ဆောင်ရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းချက်တွေကို တက်တက်ကြွကြွ ကူညီပေးနေပါတယ်။ 

ပထမခြေလှမ်း အနေနဲ့ အမေရိကန်အလံလွှင့်ထူ ထားတဲ့ ကုန်တင်သင်္ဘော ၂ စင်းက ဟော်မုဇ် ရေလက်ကြားကို အောင်အောင်မြင်မြင် ဖြတ်သန်းခဲ့ပြီး ခရီးကို ဘေးကင်းကင်း ဆက်သွားနေပြီလို့ ဆိုပါတယ်။

အမေရိကန်စစ်သင်္ဘော ၂ စင်းဟာ အဓိက ရေလမ်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ပြီး ရေလက်ကြားအတွင်း မိုင်းရှင်းလင်းရေးအတွက် အခြေအနေတွေကို စတင်သတ်မှတ်နေပြီလို့ အမေရိကန်စစ်တပ်က ဧပြီ ၂ ရက်မှာ ပြောပါတယ်။

USS ဖရန့်ခ် အီးပီတာဆန်ဂျူနီယာ သင်္ဘာနဲ့ USS မိုက်ကယ်မာဖီ သင်္ဘာတို့ဟာ အီရန်အစ္စလာမ် တော်လှန်ရေးအစောင့်တပ်က အရင်က ချထားခဲ့တဲ့ ပင်လယ်မိုင်းတွေကို လုံးဝရှင်းလင်းစေရေး ပိုကျယ်ပြန့်တဲ့ စစ်ဆင်ရေး တစိတ်တပိုင်းအနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်း ကွပ်ကဲရေးဌာနက X လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို စတင်ရှင်းလင်းနေပြီး အီရန်ရဲ့ မိုင်းထောင် သင်္ဘောအားလုံးကို နှစ်မြှုပ်လိုက်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့အစောပိုင်းမှာ လူမှုမီဒီယာပေါ်ကနေ ပြောပါတယ်။ 

အီရန်ရေတပ်ကတော့ ဘယ်သင်္ဘောမှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမသွားခဲ့ဘူးလို့ ပြောခဲ့ပြီး အမေရိကန်ရဲ့ အခိုင်အမာ ပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

မကြာသေးမီနာရီတွေအတွင်း ဘယ်ကုန်သွယ်ရေးသင်္ဘော ဒါမှမဟုတ် ရေနံတင်သင်္ဘောမှ ဟော်မုဇ်ရေ လက်ကြားကို ဖြတ်သန်းသွားခြင်း မရှိဘူးလို့ အီရန်ရေတပ်က မေ ၄ ရက်မှာ ပြောပါတယ်။ 

တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ အမေရိကန်တပ်ဖွဲ့တွေက မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းကတဆင့် သင်္ဘောတွေကို လိုက်ပါပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အခိုင်အမာပြောဆိုချက်တွေကို အီရန်က ငြင်းဆို ခဲ့ပါတယ်။

အမေရိကန်စစ်တပ်က ပင်လယ်ကွေ့ဝင်ပေါက်မှာရှိတဲ့ အီရန်ရဲ့ ပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်စစ်သင်္ဘော တိုက်ခိုက်ခံရတဲ့ သတင်းထွက်လာပြီးနောက် တနင်္လာနေ့မှာ နိုင်ငံတကာရေနံ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

လန်ဒန် ဘရန့် ရေနံစိမ်းဈေးနှုန်းနဲ့ နယူးယောက်ရေနံစိမ်းဈေးနှုန်း တွေဟာ ကုန်သွယ်မှုအတွင်း ၅ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ 

အမေရိကန်နဲ့ အီရန်တို့ဟာ မတည်ငြိမ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားပေမဲ့ သင်္ဘော အသွားအလာ နိမ့်ကျနေဆဲဖြစ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်မှုရဖို့လည်း အလွန်အမင်း ပျက်ကွက်နေဆဲ​ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013